ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ထဲ သူရဦးရွှေမန်း မပါဝင်

က​တည်း​က ​တောက်​လျှောက် ​ပါ​တီ​ရဲ့ ​ဥ​က္က​ဌ ​ဟာ ​ဦး​သိန်း​စိန် ​ဖြစ်​ပြီး ​ဦး​ရွှေ​မန်း​ကို ​ပူး​တွဲ ​တာ​ဝန် ​ပေး​ထား ​တာ​သာ ​ဖြစ်​တယ် ​လို့ ​ပါ​တီ ​ဗ​ဟို ​အ​တွင်း​ရေး​မှူး​သစ် ​ဖြစ်​လာ​တဲ့ ​ဦး​ပိုက်​ထွေး​က ​ပြော။
  အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရဦးရွှေမန်း ကို ပါတီတွင်း ရာထူးက ဖယ်ရှားပြီး တဲ့ နောက် နေပြည်တော် မှာ ပိုပြီး လုံခြုံရေး တင်းကြပ်တဲ့ နေရာ မှာ ပြောင်းရွှေ့ထားတယ် ဆိုပြီး သတင်းရင်းမြစ်တွေ က ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ကတော့ ဥက္ကဌ သူရ ဦးရွှေမန်း ကို ရာထူး က ဖယ်ရှားတယ် ဆိုတဲ့ အချက်အလက် အပေါ်မှာ အရေးယူ ဆောင်ရွက်တဲ့ သဘောမျိုး မပြောပဲ ဦးရွှေမန်း မှာ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ပြည်ထောင်စု လွှတ်တော် နာယက စတဲ့ ကြီးလေးတဲ့ တာဝန်တွေ ရှိနေတဲ့ အတွက်၊ ရွေးကောက်ပွဲ နီးချိန် မှာ ပါတီ အရေးကို ဖိဖိစီစီး လုပ်နိုင်ဖို့ ဦးဌေးဦး ကို ပူးတွဲ ဥက္ကဌ နေရာ မှာ အစားထိုး ခန့်ထား လိုက်တာ ဖြစ်တယ် လို့ တရားဝင် ထုတ်ပြန် ပါတယ်။

ကြံ့ခိုင်ရေး အသင်း ကနေ ပါတီ အဖြစ်ပြောင်း လဲစဉ် ကတည်းက တောက်လျှောက် ပါတီရဲ့ ဥက္ကဌ ဟာ ဦးသိန်းစိန် ဖြစ်ပြီး ဦးရွှေမန်းကို ပူးတွဲ တာဝန် ပေးထား တာသာ ဖြစ်တယ် လို့ ပါတီ ဗဟို အတွင်းရေးမှူးသစ် ဖြစ်လာတဲ့ ဦးပိုက်ထွေးက ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ ကိုလည်း အသစ် ပြင်ဆင် ဖွဲ့စည်း လိုက်တာ မှာ တော့ သူရဦးရွှေမန်း မပါဝင် တော့ ပါဘူး။

ပါတီ ဗဟိုအတွင်းရေးမှူးသစ် နောက်တဦး ဖြစ်တဲ့ ဒေါက်တာ မောင်မောင်ဌေး က သူရ ဦးရွှေမန်းဟာ ကြံ့ခိုင်ရေးပါတီ ရဲ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက်ရှိနေ သေးတယ် လို့ ဆိုပါတယ်။

အဲဒီလို ဦးရွှေမန်းဟာ လွှတ်တော် ကိုယ်စားလှယ် ဆက်ဖြစ် နေသေးတယ်လို့ ပါတီ ခေါင်းဆောင် သစ်တွေ က ပြောတဲ့ နေ့မှာပဲ လွှတ် တော် ကိုယ်စားလှယ် တာဝန် မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေ ကို ဆောလျင်စွာ အတည်ပြု ပြဌာန်းပေးဖို့ ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်ကို စတုတ္ထအကြိမ် စာပေးပို့ ခဲ့ပါတယ်။

ဦးရွှေမန်းကို လွှတ်တော် ကိုယ်စားလှယ် တာဝန်က ရုပ်သိမ်းပေးဖို့ သူ့ရဲ့ ဇေယျာသီရိ မဲဆန္ဒ နယ်က စုပေါင်း လက်မှတ်ထိုး တောင်းဆို ချက်လည်း ရှိနေတဲ့ အတွက် တကယ်လို့ အဲဒီဥပဒေသာ အတည်ပြု ပေါ်ထွက်လာရင် လွှတ်တော် ကိုယ်စားလှယ် တာဝန်က ရုပ်သိမ်းပေးဖို့ စွပ်စွဲ ချက် အပေါ် မှာလည်း ဦးရွှေမန်း အနေနဲ့ ရင်ဆိုင် ဖြေရှင်း ရမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ထဲ သူရဦးရွှေမန်း မပါဝင်   ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ထဲ သူရဦးရွှေမန်း မပါဝင် Reviewed by သစ်ထူးလွင် on 09:28 Rating: 5
Powered by Blogger.