ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်း ထပ်မံပြုလုပ်မည်မဟုတ်၊ မူလခေါ်ယူထားသည့် အရာရှိများကိုသာ ဆက်လက်ခန့်ထားမည်ဟု ပြည်ထောင်စု ၀န်ကြီးပြောကြား


ရန်ကုန်၊သြဂတ် ၁၁။

ကျန်းမာရေး ၀န်ကြီးဌာန၏ လစ်လပ်နေသည့် ကျန်းမာ/စီမံ အရာရှိ ရာထူးနေရာများကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောင်းရွေကာ ခေါ်ယူခဲ့သည့်သတင်းများ လူမူကွန်ယက်တွင် ပျံနှံခဲ့ပြီးနောက် ကျန်းမာရေး ၀န်ထမ်း ဆရာဝန်အများစုက ကန့်ကွက်ကြောင်း စည်းရုံးလှုံဆော်သည့်( Campaign) များကို နေရာဒေသ အသီးသီးမှပြုလုပ်လာကြပြီးနောက် ကျန်းမာရေး ၀န်ကြီးဌာနတွင် တပ်မတော် အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်းကို ထပ်မံပြုလုပ်မည်မဟုတ်ဘဲ မူလက ခေါ်ယူထားသည့် အရာရှိများကို ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းအရ စာထုတ်ခေါ်ယူပြီး ဖြစ်သောကြောင့် ငှင်းတို့ကိုခန့်အပ်သည့်ရာထူးနှင့်အညီ ဆက်လက်ခန့်ထားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က ပြည်ထောင်စုနေ့စဉ်ကို ပြောကြားသည်။
“ဆရာဝန်မရှိတဲ့ နေရာတွေ အများကြီးပဲ။ တချို့ယောကျာ်းလေးတွေကလည်း မသွားကြဘူး။ နယ်တွေမှာလည်းလိုတာပေါ့။ မကြိုက်ဘူးဆိုလည်း မခေါ်တော့ဘူးပေါ့။ စာထုတ်ပြီးသားတွေတော့ ခန့်ရမှာပေါ့။ သူတို့လည်းတိုင်းသူပြည်သားတွေပဲ။ သားကောင်း ရတနာတွေပဲလေ။ တိုင်းပြည်ကိုတိုးတက်အောင် ၊ အားရှိအောင်လုပ်ရမယ်။ မကြိုက်ဘူးဆိုတော့ နောက်မခေါ်တော့ယုံပဲရှိတာပါပဲ”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်ကပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးကို (၁၆-၇-၂၀၁၅)ရက်ကပြုလုပ်ပြီး
သဘောတူ ဆုံးဖြတ်ချက်အရ ၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီးနှင့် အခြားအရာရှိ
၊တပ်မတော် ဆေးသုတေသန အရာရှိ၊ တပ်မတော်ဆေးတက္ကသိုလ်ဆင်း အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအရာရှိ နေရာများတွင် လွဲပြောင်းခန့်ထားခဲ့ခြင်းကြောင့်
စစ်ဘက်အရာရှိများကို ကျန်းမာရေး ၀န်ကြီးဌာနသို့ တိုက်ရိုက် ပြောင်းရွေ့ ခန့်အပ်လိုက်ခြင်းကို အရပ်ဘက် ဆရာဝန်များက လက်မခံကြောင်း ဆန္ဒပြသည့် အနေဖြင့် Black Ribbon Movement (ဖဲကြိုးနက် လှုပ်ရှားမှု) ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ Campaign ပြုလုပ်သည့်ဆရာဝန်များထံကသိရသည်။ ။

နေဇာမျိုးဆွေ
The Union Daily
https://www.facebook.com/pages/The-Union-Daily
ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်း ထပ်မံပြုလုပ်မည်မဟုတ်၊ မူလခေါ်ယူထားသည့် အရာရှိများကိုသာ ဆက်လက်ခန့်ထားမည်ဟု ပြည်ထောင်စု ၀န်ကြီးပြောကြား  ကျန်းမာရေးဝန်ကြီးဌာနတွင် တပ်မတော်အရာရှိများ ပြောင်းရွေ့ခန့်ထားခြင်း ထပ်မံပြုလုပ်မည်မဟုတ်၊ မူလခေါ်ယူထားသည့် အရာရှိများကိုသာ ဆက်လက်ခန့်ထားမည်ဟု ပြည်ထောင်စု ၀န်ကြီးပြောကြား Reviewed by သစ်ထူးလွင် on 19:33 Rating: 5
Powered by Blogger.