ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ဟုဆို


 ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော နေရာများတွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များက အကြံပြုပြောကြားသည်။

ရေကြီးရေလျှံမှုဖြစ်ပွားပြီး ရေပြန် လည် ကျသည့်အချိန်တွင် တင်ကျန်ရစ်သည့် ရေဆိုးရေညစ်များမှတစ်ဆင့် ပိုးလောက်လန်းများ ပေါက်ဖွားကာ သွေးလွန်တုပ်ကွေး ရောဂါများ ဖြစ်ပွားစေနိုင်သည့်အတွက် သတိပြုနေ ထိုင်ကြရန် လိုအပ်ကြောင်း အထွေ ထွေရောဂါကုဆရာဝန် ဒေါက်တာအေး အေးလွင်က ပြောသည်။

အဆိုပါ သွေးလွန်တုပ်ကွေးအန္တ ရာယ်ကို ကာကွယ်ရန်အတွက် မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ရေတင်ကျန်နေသော အိုးခွက်များ၊ တာယာအဟောင်းများ၊ ခြင်ခို အောင်းနိုင်သော နေရာများနှင့် ခြင် ပေါက်ပွားနိုင်သော နေရာများကို ရှင်းလင်း ဆောင်ရွက်သင့်ကြောင်းလည်း ဒေါက်တာအေးအေးလွင်က ဆိုသည်။

“သွေးလွန်တုပ်ကွေး ရောဂါက တော့ ရေကျသွားတဲ့အခါမှာ အဖြစ် များလေ့ရှိတဲ့ ရောဂါတစ်မျိုးပါပဲ။ ရေ ကြီးပြီး ပြန်ကျတဲ့အခါမှာ တင်ကျန်ခဲ့ တဲ့ ရေဆိုးရေညစ်တွေကနေတစ်ဆင့် ပိုးလောက်လန်းတွေ ပေါက်လာမယ်။ အဲဒီ ပိုးလောက်လန်းတွေကနေတစ်ဆင့် ခြင်တွေပေါက်ပွား လာနိုင်ပါတယ်။ ခြင်ကိုက်ပြီဆိုတာနဲ့ သွေးလွန်တုပ် ကွေး ရောဂါဖြစ်နိုင်တယ်။ သွေးလွန် တုပ်ကွေး ရောဂါက တစ်ဦးကတစ်ဦး ကို ကူးစက်နိုင်တယ်။ ဘယ်လိုကူး စက်တာလဲဆိုရင် သွေးလွန်တုပ်ကွေး ကို ဖြစ်စေနိုင်တဲ့ ခြင်ကနေ လူတစ် ယောက်ကိုကိုက်မယ်။ ပြီးရင် အခြား လူတစ်ယောက်ကို ကိုက်လိုက်ခြင်းအား ဖြင့် တစ်ဦးကနေတစ်ဦး ကူးစက်နိုင်ပါ တယ်” ဟု ယင်းက ဆက်လက်ပြောသည်။

ယင်းအပြင် သွေးလွန်တုပ်ကွေး မဖြစ်အောင် ဖုံး၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်၊ ထည့်ဆိုသော အချက် ၁၂ ချက် ကို လိုက်နာရန်လိုအပ်ကြောင်း အဆို ပါ သွေးလွန်တုပ်ကွေး မဖြစ်အောင် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက် ဆေးပေးခန်းများနှင့် ကျန်းမာရေးတာ ၀န်ရှိသော ပုဂ်္ဂိုလ်များထံသို့ အကူအညီ တောင်းခံပြီး ဆေးမှုတ်ခြင်း၊ ဆေးထည့် ခြင်းများကို ပြုလုပ်ပေးသင့်ကြောင်း သိရသည်။

“ရေကျသွားတဲ့အခါမှာ သွေးလွန် တုတ်ကွေးလို ကူးစက်ရောဂါတွေ မဖြစ်အောင်လို့ အိမ်တိုင်းလိုလို ကျန်းမာရေး ၀န်ထမ်းတွေရဲ့ အကူအညီနဲ့အ တူ ဆေးဖျန်းတာတို့အပြင် ရေကန်၊ ရေအိုး တွေထဲကို အဘိတ်ဆေးလို့ခေါ်တဲ့ ခြင်မပေါက်ပွားနိုင်တဲ့ ဆေးမှုန့်လေးကို ထည့်ပေးဖို့လည်း လိုအပ်တယ်။ အဲ့ဒီဆေးက ထည့်လည်း လူကျန်းမာရေးကို အန္တရာယ် မဖြစ်ပါဘူး။ တချို့ က ကျန်းမာရေးကို ထိခိုက်မှာစိုးတဲ့ အတွက် ဆေးခက်ထားတဲ့ ရေတွေကို မသုံးရဲကြတာတို့၊ ကျန်းမားရေးဝန်ထမ်း တွေ ပြန်သွားရင် ရေကိုသွန်ပစ်တာတို့ လုပ်ကြတယ်။ ဆေးထည့်ထားပေမယ့် လည်း အဲ့ဒီရေကိုပဲ ဆက်လက်သုံးလို့ ရပါတယ်” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအောင်ဆန်းဝင်း က ပြောသည်။

ယင်းသို့ သွေးလွန်တုပ်ကွေး ဖြစ် ပွားပါက ၂ ရက်မှ ၇ ရက်အထိ အ ပြင်းဖျားခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်ခန္ဓာ တွင် အနီစက်များ ထွက်ပေါ်လာခြင်း၊ ရုတ်တရက် အဖျားကျခြင်း၊ ခြေဖျား လက်ဖျားများ အေးခြင်း အစရှိသော ရောဂါလက်္ခဏာများ ဖြစ်ပွားပါက နီး စပ်ရာဆေးခန်းသို့ သွားရောက် ကုသ သင့်ကြောင်း သိရသည်။

သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ဟုဆို  ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန်လိုအပ်ဟုဆို Reviewed by သစ်ထူးလွင် on 18:27 Rating: 5
Powered by Blogger.