တရုတ် နိုင်ငံရဲ့ စီးပွားရေး နှေးကွေး လာတဲ့ အပေါ် စိုးရိမ်မှု တွေ ပိုပြီး ဖြစ်လာ တဲ့ အတွက် ကမ္ဘာ တဝှမ်း လုံးက စတော့ ဈေးကွက် တွေ မှာ မနေ့ က ရှယ်ယာ ဈေးနှုန်း တွေ အင်မတန် အကျ ကြမ်း ခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စု ရဲ့ စတော့ ရှယ်ယာ တန်ဖိုး ရည်ညွှန်းကိန်း ဖြစ်တဲ့ ဒေါင်းဂျုံးစ် မှာ ဆိုရင် အမှတ် ၁၀၀၀ ထိ ကျဆင်း သွားတဲ့အချိန် ရှိခဲ့ပြီး ဒါဟာ သမိုင်းမှာ တန်ဖိုး အကျဆင်းခဲ့ဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်း ၀င်ပါတယ်။
နောက်ပိုင်း အမှတ် ပြန်လည် တက်လာ ခဲ့ ပေမယ့် ဈေးပိတ်ချိန် မှာ တော့ ရှယ်ယာ တန်ဖိုး ၃.၅ % ကျဆင်း ခဲ့တဲ့ နေ့ အဖြစ် ဈေးပိတ် ခဲ့ရပါတယ်။
ဥရောပ နဲ့ အာရှ က အကြီးဆုံး စတော့ ဈေးကွက် တွေ မှာ လည်း ၄% ကျော် အထိ ဈေး ကျဆင်း ခဲ့ ပြီး တရုတ်ပြည် ရှန်ဟိုင်း မှာဆို ၈% ကျော် ကျခဲ့ပါတယ်။
တရုတ်ပြည် ရဲ့ ဝယ်လိုအား အပေါ် အဓိက မှီခို နေရတဲ့ ကမ္ဘာတလွှား က ငွေကြေး တန်ဖိုး တွေ နဲ့ ကုန် ပစ္စည်း တန်ဖိုး တွေ လည်း ကျဆင်းခဲ့ ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
တရုတ်စီးပွားရေး နှေးလို့ တကမ္ဘာလုံးက ဘဏ္ဍာရေး ဈေးကွက်တွေ အရိုက်အခတ် ခံနေရ
Reviewed by THITHTOOLWIN
on
09:49
Rating:
