မာလီဟိုတယ် တိုက်ခိုက်မှု လူ ၁၂ ဦး သေဆုံး


 ဘာမာကို သြဂုတ် ၈

 မာလီနိုင်ငံ အလယ်ပိုင်းတွင်တည်ရှိသည့် ကုလသမဂ္ဂဝန်ထမ်းများ တည်းခိုသော ဟိုတယ် တစ်ခုကို အိုင်အက်စ်စစ်သွေးကြွများဟု သင်္ကာမကင်းသူများက ယနေ့ဝင်ရောက်သိမ်းပိုက်ခဲ့သဖြင့် လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း မာလီအစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူများမှာ မာလီတပ်ဖွဲ့ဝင်ငါးဦး၊ ဓားစာခံသုံးဦးနှင့် စစ်သွေးကြွလေးဦး အပါအဝင် စုစုပေါင်းလူ ၁၂ ဦးသေဆုံးခဲ့ရသည်။ ယင်းသေဆုံးသူတွေထဲမှာ မာလီနိုင်ငံသားများ ပါဝင်ခြင်းရှိ မရှိကိုမူ ရှင်းလင်းစွာမသိရသေးပေ။

''အခုကျွန်တော်တို့ဟာ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂကပေးပို့တဲ့ အသေးစိတ်အချက်အလက်တွေကိုပဲ စောင့်နေရပါတယ်' ဟု မာလီအစိုးရပြောရေးဆိုခွင့်ရှိသူ ချိုဂွေးလ်ကိုကလာမိုင်ဂါက ပြောကြားသည်။

မာလီတပ်ဖွဲ့ဝင်များသည် အဆိုပါဟိုတယ်ထဲ၌ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထား သည့် လူလေးဦးကိုကယ်တင်နိုင်ခဲ့ပြီးနောက် အဆိုပါ စစ်သွေးကြွများအား ဖမ်းဆီးရန်အလို့ငှာ ဟိုတယ်နှင့်အနီးဝန်းကျင်ရှိအဆောက်အအုံများတွင် လိုက်လံရှာဖွေမှုများ လုပ်ဆောင်လျက် ရှိသည်ဟုသိရသည်။ အဆိုပါဟိုတယ်တိုက်ခိုက်မှုတွင် လူကိုးဦး သေဆုံးခဲ့သည်ဟု မာလီ အစိုးရတာဝန်ရှိသူများက ကနဦးကကြေညာထားသည်။

[ရိုက်တာ]
The Mirror Daily
https://www.facebook.com/TheMirrorDaily
မာလီဟိုတယ် တိုက်ခိုက်မှု လူ ၁၂ ဦး သေဆုံး  မာလီဟိုတယ် တိုက်ခိုက်မှု လူ ၁၂ ဦး သေဆုံး Reviewed by သစ်ထူးလွင် on 07:14 Rating: 5
Powered by Blogger.