သူရဦးရွှေမန်း ပုံမှန် ရုံးတက်နေ

 ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း လွှတ်တော်ဥက္ကဌရုံး ပုံမှန်တက်လျက်ရှိ။ ကျန်းမာရေး အခြေအနေကတော့ နေသိပ်မကောင်းဘူး လို့သိရပါတယ်။ ဓါတ်ပုံ - Myo Thant Khaing (fb)
 လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ယနေ့နံနက်(၈:၃၀)မှ စတင်ကာ လွှတ်တော်ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့သလို ဝန်ထမ်းတွေနဲ့လည်း ပုံမှန်အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ပုံမှန်ရုံးလုပ်ငန်းတွေ လုပ်နေတယ်၊ တွေ့ရမယ့်သူတွေ တွေ့တာတို့၊ ကော်မရှင်လုပ်ငန်းတို့၊ ဥပဒေလုပ်ငန်းတို့ပုံမှန်လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်၊ staff တွေနဲ့တော့ ပုံမှန်တွေ့ပါတယ်၊ ဒီမနက်ရုံးတက်ပြီး ဆောင်ရွက်နေပါတယ်။"လို့ လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယခုလ(၁၈)ရက်နေ့မှာ ကျင်းပဖို့မယ့် လွှတ်တော် အစည်းအဝေးအတွက် လိုအပ်တာတွေကို စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Author - ချိုဇင်မာဝင့်
Kumudra
https://www.facebook.com/newsKumudra
သူရဦးရွှေမန်း ပုံမှန် ရုံးတက်နေ  သူရဦးရွှေမန်း ပုံမှန် ရုံးတက်နေ Reviewed by သစ်ထူးလွင် on 13:13 Rating: 5
Powered by Blogger.