သံလမ်းကူးကိုဖြတ်မောင်းသည့်ယာဉ်နှင့် မြို့ပတ်ရထားတို့ တိုက်မိ


 နေပြည်တော်၊ ဩဂုတ် ၃၁

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှည်းတန်းဘူတာနှင့် ကမာရွတ်ဘူတာကြား၊ ရထားလမ်းမိုင်တိုင်အမှတ်(၅/၁၁-၁၂) ကြားတွင် ရန်ကုန်ဘူတာကြီးမှ အင်းစိန်ဘူတာဘက်သို့ ထွက်ခွာလာသော RBE Aircon''ဂ''(အထူး) အမှတ်(၄)မြို့ပတ်ရထားက ရွာမကျောင်းလမ်းအတိုင်း အနောက်မှအရှေ့သို့ ရထားသံလမ်းကူးကို ဖြတ်သန်းမောင်းနှင်သည့် လှိုင်မြို့နယ်နေ ထွန်းထွန်းဝင်း(၄၀)နှစ်မောင်းနှင်သော 6J/×××× TOYOTA WAVE နက်ပြာရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည်။ ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ရထားစက်ခေါင်းအမှတ်(DF-25101)၏ ဝဲဘက်လှေကား ကျိုးပဲ့ပျက်စီး၍ တန်းဖိုးငွေကျပ် (၇၀,၀၀ဝိ/-)ခန့် ဆုံးရှုံးခဲ့သဖြင့် ယာဉ်မောင်း ထွန်းထွန်းဝင်းအား လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း (ပ)၃၅၁/၂၀၁၅၊ မီးရထားအက်ဥပဒေပုဒ်မ ၁၂၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

https://www.facebook.com/yezarnimedia
သံလမ်းကူးကိုဖြတ်မောင်းသည့်ယာဉ်နှင့် မြို့ပတ်ရထားတို့ တိုက်မိ  သံလမ်းကူးကိုဖြတ်မောင်းသည့်ယာဉ်နှင့် မြို့ပတ်ရထားတို့ တိုက်မိ Reviewed by THITHTOOLWIN on 05:33 Rating: 5
Powered by Blogger.