အမြန်လမ်းပေါ်က ယာဉ်များအား ခဲဖြင့် ပစ်ပေါက်သူများကို ဖမ်းမိ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များအား ခဲဖြင့် ပစ်ပေါက်သူများကို စုံစမ်းဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဩဂုတ် ၇

 ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၉၁/၅-၆)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နေ ခင်မောင်ထွန်း(၄၈)နှစ်မောင်းနှင်သည့် Elite ခရီးသည် တင်ယာဉ်၊ ကမာရွတ်မြို့နယ်နေ ဦးမြင့်စိုး(၄၈)နှစ်မောင်းနှင်သည့် PAJERO ယာဉ်နှင့် တောင်ကြီးမြို့နေ ဦးတင်ဝင်း(၄၂)နှစ်မောင်းနှင်သည့် ALPHARD ယာဉ်တို့ မောင်းနှင်လာစဉ် ခဲဖြင့်အပစ်ခံရကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များက ရဘိန်းကျေးရွာအုပ်ချုပ်ရေးမှူး/ အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့သည်။


 ထိုသို့ရှာဖွေရာ ယာဉ်များအား ခဲဖြင့်ပေါက်သည့် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သစ်တောကျေးရွာနေ နေရဲ(၁၆)နှစ်၊ တစ်ရပ် တည်းနေ သန်းထိုက်အောင်(၁၅)နှစ်၊ စိုးမင်းဇော်(၁၈)နှစ်၊ ဝင်းမိုးကျော်(၁၅)နှစ်၊ ရဘိန်းကျေးရွာနေ သူများဖြစ်သော ဖြိုးကိုဌေး(၁၉)နှစ်၊ ကျော်စန်းမောင်(၁၇)နှစ်၊ မောင်မူး(ခ)မြင့်လှိုင်(၁၅)နှစ်နှင့် မိုက်ခဲ(ခ)ဝင်းအောင်(၁၇)နှစ်တို့အား အခင်းဖြစ်ပြီး ၄၅ မိနစ်အကြာဖမ်းဆီးရမိခဲ့၍ နေရဲ ပါ(၈)ဦး တို့အား ပလွေးအမြန်လမ်းမကြီးရဲစခန်း(ပ)၅/၂၀၁၅၊ (ပ)၆/၂၀၁၅၊ (ပ)၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၇/ ၂၇၉-က ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အမြန်လမ်းပေါ်က ယာဉ်များအား ခဲဖြင့် ပစ်ပေါက်သူများကို ဖမ်းမိ   အမြန်လမ်းပေါ်က ယာဉ်များအား ခဲဖြင့် ပစ်ပေါက်သူများကို ဖမ်းမိ Reviewed by သစ်ထူးလွင် on 18:44 Rating: 5
Powered by Blogger.