မုံရွာမြို့တွင် သွေးလွန်တုပ်ကွေး ထပ်မံဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီးတွင် ကလေးလူနာ ၂ဝဝ ကျော်ကုသလျက်ရှိ


မုံရွာ သြဂုတ် ၂၅

၂ဝ၁၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံတစ်ဝန်း သွေးလွန်တုပ် ကွေးဖြစ်ပွားကာ ကလေးငယ်များ ဆေးရုံတက်ရောက်ကုသမှု မြင့်တက် ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၂၃ မြို့နယ်မှ ကလေးငယ် ၈ဝဝ ကျော် သွေးလွန်တုပ်ကွေးဖြစ်ပွား ခဲ့ပြီး သေဆုံးသူ ခြောက်ဦးရှိခဲ့ရာ တစ်နိုင်ငံလုံးရောဂါဖြစ်ပွားမှု အဆင့် (၆)နေရာတွင် ရှိခဲ့သည်။ ကြားကာလ အတွင်း ဆယ်ဂဏန်းရှိ ကလေးလူနာ များ မုံရွာပြည်သူ့ဆေးရုံကြီးသို့ တက် ရောက်ကုသသူ၊ ပြန်လည်ကောင်း မွန်၍ ဆင်းသွားသူများဖြင့် ရှိနေရာမှ သြဂုတ်၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကလေးသွေးလွန်တုပ်ကွေးလူနာ အပါအဝင် လူကြီးသွေးလွန်တုပ်ကွေး လူနာ ၂၁၅ ဦးအထိ ဆေးရုံ တက်ရောက်ကုသမှုများရှိခဲ့ကြောင်း မုံရွာပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးသန်းညွန့်ထံမှ သိရ သည်။

''အခုသြဂုတ်၂၃ ရက် နောက်ပိုင်း မှာ မုံရွာပြည်သူ့ဆေးရုံကြီးသို့ သွေးလွန်တုပ်ကွေးကြောင့် လာ ရောက်ကုသတဲ့ လူကြီးလူနာ အပါ အဝင် ကလေးလူနာ ၂ဝဝ ကျော် လောက်ရောက်ရှိပါတယ်။ မုံရွာ ပြည်သူ့ဆေးရုံကြီးရဲ့ ကလေးလူနာ ဆောင်မှာ ကလေးလူနာဦးရေ ၈ဝ လက်ခံနိုင်ပေမယ့် ရောက်ရှိလာ တဲ့ကလေးမှန်သမျှကိုတော့ လူနာ ဆောင်အတွင်း လက်ခံနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ မြင်နေ ကြရတဲ့ ဆေးရုံကြီးရှေ့မှာ ရှိကြတဲ့ သူတွေကတော့ လူနာစောင့်တွေ၊ မိဘ ဆွေမျိုးတွေပဲဖြစ်ပါတယ်။လူနာစောင့်တွေ အဆင်ပြေအောင် ဆေးရုံကြီး ရှေ့မျက်နှာစာမှာရှိတဲ့ ရှင်းလင်းဆောင်ပေါ်မှာ နေရာ ချထားပေးပေမယ့် ရာသီဥတုက ပူတဲ့အတွက် ဆေးရုံကြီးရှေ့မှာ အခင်းတွေခင်း စောင့်ဆိုင်းနေကြ တာပဲဖြစ်ပါတယ်။ ကလေးလူနာ အားလုံး အမြန်ရောဂါပျောက်ကင်း အောင် ကလေးအထူးကု ဆရာဝန်ကြီး သုံးဦးက ဦးဆောင်ပြီး အရင် လက်ထောက်ဆရာဝန် ကိုးဦးကနေ အခု ၁၃ ဦးအထိ တိုးမြှင့် ခန့်ထား ဆောင်ရွက်စေပါတယ်။ သူနာပြုဆရာမ၊ အကူဆရာမ တွေကိုလည်း လူဦးရေတိုးမြှင့် ခန့် ထားပါတယ်''ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန်းညွန့်က ပြောသည်။

ယခင် ဇူလိုင်လဆန်းပိုင်းက သွေးလွန်တုပ်ကွေးရောဂါအဖြစ်များ စဉ်က စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ဘုတလင် မြို့နယ်တို့မှာ အဖြစ်များခဲ့သော်လည်း သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားသော သွေးလွန်တုပ်ကွေးရောဂါသည် မုံရွာ မြို့နှင့် ကျေးလက်တောရွာများမှ ကလေး ငယ်များ အဖြစ်များပြီး အသက်(၁၅)နှစ်မှ(၃ဝ)ကြား လူရွယ်ငါးဦးခန့် လည်း သွေးလွန်တုပ်ကွေး ဖြစ်နေ ကြောင်း သွေးဖောက်စစ်ဆေးချက် အရသိရ၍ မုံရွာပြည်သူ့ဆေးရုံကြီး တွင် ကုသလျက်ရှိကြောင်း သိရသည်။

မုံရွာပြည်သူ့ဆေးရုံကြီးတွင် လာ ရောက်ကုသသောသွေးလွန်တုပ်ကွေး ရောဂါဖြစ်သည့် ကလေးငယ်များနှင့် လူရွယ်များကို သွေးဖောက်စစ်ဆေး၍ အချိန်တိုအတွင်း ရောဂါအခြေအနေ အဖြေကို သိရှိနိုင်ရန်အတွက် PCB သွေးစစ်ဆေးစက်နှစ်လုံးကို တပ် ဆင်၍ အချိန်ပြည့်စစ်ဆေးဆောင် ရွက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ ယခုအချိန်တွင် ကလေးလူနာဦးရေနှင့် လူနာစောင့်ဦးရေများပြားလာသော ကြောင့် ဆေးရုံကြီးအတွင်း၊ အပြင် သန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မုံရွာမြို့တွင် သွေးလွန်တုပ်ကွေး ထပ်မံဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီးတွင် ကလေးလူနာ ၂ဝဝ ကျော်ကုသလျက်ရှိ  မုံရွာမြို့တွင် သွေးလွန်တုပ်ကွေး ထပ်မံဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီးတွင် ကလေးလူနာ ၂ဝဝ ကျော်ကုသလျက်ရှိ Reviewed by THITHTOOLWIN on 09:13 Rating: 5
Powered by Blogger.