မရမ်းကုန်းမြို့နယ်တွင် ဓါးပြမှုကျူုးလွန်သည့်အဖွဲ့အား အချိန်တိုအတွင်း ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ သြဂုတ် ၃

၂.၈.၂၀၁၅ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်နေ ကိုကျော်ကျော်သည် မရမ်းကုန်း မြို့နယ်၊ ကံ့ကော်လမ်းနှင့် ခရေလမ်းထောင့်၌ လမ်းလျှောက် နေစဉ် အင်းစိန်မြို့နယ်နေ ၀င်းဇော်ဦးပါ အမျိုးသား(၁၂)ဦးခန့်မှ DD----Caldina အငှားယာဉ်(၁)စီး၊ ဆိုင်ကယ်(၅)စီးတို့ဖြင့် ရောက်ရှိလာပြီး ၎င်းထံမှ ငွေကျပ်(၁)သိန်းတောင်းခံရာ (၇၀၀၀၀)ကျပ်သာပါရှိကြောင်း ပြောစဉ် ၎င်းတို့မှ ဓါးဖြင့် ခြောက်လှန့်၍ တောင်းယူသွားခဲ့သဖြင့် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် တိုင်တန်းခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်သတင်းရရှိသည်နှင့် ဘုရင့်နောင်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ယင်းသို့ကျူးလွန်သူများဖြစ်သည့် အင်းစိန်မြို့နယ်နေ ၀င်းဇော်ဦး၊ (၃၂)နှစ်၊ အောင်မျိုးကျော်၊ (၂၉)နှစ်၊ ဌေးလွင်၊(၄၇)နှစ်၊ မရမ်းကုန်းမြို့နယ်နေ သိန်းစိုး(ခ)သန်းအောင်ထွေး၊ (၃၁)နှစ်၊ စိန်လှ၊ (၅၇)နှစ်၊ ဇော်မျိုးလွင်၊ (၃၈)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်နေ အောင်တင်နိုင်၊ (၄၆)နှစ်၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နေ ဧရာလွင်(၂၈)နှစ်နှင့် ယာဉ်မောင်းဖြစ်သူ လှိုင်မြို့နယ်နေ ရဲမြင့်(ခ)ဟာနစ်၊ (၅၉)နှစ်တို့(၉)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဘုရင့်နောင်နယ်မြေရဲစခန်း(ပ)၃၉၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၉၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

ယင်းသို့ဖမ်းဆီးရမိစဉ် ၎င်းတို့ထံမှ DD---- Caldina အငှားယာဉ်(၁)စီး၊ ဆိုင်ကယ်(၂)စီး၊ ဓါးရှည် (၁)ချောင်း၊ ဓါးမြောင်(၁)ချောင်း၊ရဲဒင်း(၁)လက်၊ သံတုတ်(၂)ချောင်း၊ ဓါးမ(၁)ချောင်း၊ လေးခွ(၁)လက်၊ ဖန်ဂေါ်လီ၊ ကုန်းသီးများနှင့် နံကျပ်ကူ(၁)လက်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ များမှာ မင်းသိန်း၊ ဗန်ဒိန်း(ခ) ၀င်းထွန်းနှင့် မိုးဇော်တို့ဖြစ်ကြောင်း သိရှိရသဖြင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့မှတပ်ဖွဲ့ဝင်များနှင့် ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၃.၈.၂၀၁၅ ရက်နေ့ နံနက်ပိုင်းတွင်ထွက်ပြေး တိမ်းရှောင်နေသူ ရွှေပြည်သာမြို့နယ်နေ မင်းသိန်း၊ (၄၀)နှစ်နှင့် လှိုင်မြို့နယ်နေ ဗန်ဒိန်း(ခ)၀င်းထွန်း၊ (၄၂)နှစ်တို့(၂)ဦးအား ၎င်းတို့၏နေအိမ် အသီးသီးမှ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ(၁၁)ဦးအား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ကျန်သက်သေခံပစ္စည်း များသိမ်းဆည်းနိုင်ရေးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ မိုးဇော်အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
မရမ်းကုန်းမြို့နယ်တွင် ဓါးပြမှုကျူုးလွန်သည့်အဖွဲ့အား အချိန်တိုအတွင်း ဖမ်းဆီးရမိအရေးယူ   မရမ်းကုန်းမြို့နယ်တွင် ဓါးပြမှုကျူုးလွန်သည့်အဖွဲ့အား အချိန်တိုအတွင်း ဖမ်းဆီးရမိအရေးယူ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.