ရုရှား အာကာသယာဉ်မှူး နှစ်ဦး အာကာသအတွင်း အောင်မြင်စွာ လမ်းလျှောက်နိုင်ခဲ့


 ဝါရှင်တန် ၊ ၁၂-၈-၂ဝ၁၅

 နိုင်ငံတကာ အာကာသစခန်း (ISS) တွင် တာဝန်ထမ်းဆောင် နေသည့် ရုရှား အာကာသ ယာဉ်မှူး နှစ်ဦးသည် အာကာသ အတွင်း လမ်းလျှောက်ခြင်း ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း နာဆာ အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

Expedition 44 မှ အုပ်ချုပ်ရေး တာဝန်ခံ ဂန်နက်ဒီ ပါဒယ်လ်ကာ နှင့် လေကြောင်း အင်ဂျင်နီယာ တစ်ဦး မီခေးလ် ကော်နင်ကို တို့သည် သြဂုတ် ၁ဝ ရက်က အာကာသ စခန်း၏ ပြင်ပတွင် ၅ နာရီ ၃၁ မိနစ်ကြာ လမ်းလျှောက် နိုင်ခဲ့ပြီး ယင်းသို့ လုပ်ဆောင်စဉ် အတွင်း အာကာသ ယာဉ်မှူးများသည် အာကာသ စခန်း၏ ပြတင်းပေါက် များကို သန့်ရှင်းခြင်း၊ ကောင်းကင်တိုင် အသစ်များကို တပ်ဆင်ခြင်း၊ ဂရပ်များကို အသေးစိတ် ရေးဆွဲခြင်း တို့ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ကြောင်း Efe သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့အပြင် အာကာသယာဉ်မှူး များသည် အာကာသအတွင်း လမ်းလျှောက်စဉ် အာကာသ စခန်း၏ ပြင်ပရှိ ချောင်နေသည့် မူလီခေါင်း များကိုပါ ပြန်လည် တပ်ဆင်ခဲ့သည်ဟု နာဆာအဖွဲ့က ထပ်လောင်း ပြောကြား ထားသည်။

ပါဒယ်လ်ကာ သည် ယခုတစ်ကြိမ် ပြုလုပ်သည့် အာကာသ လမ်းလျှောက်မှု အပါအဝင် ယင်းသို့ လမ်းလျှောက်ခြင်းကို ကိုးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် အခြား အာကာသ ယာဉ်မှူးတစ်ဦး ဖြစ်သူ ကော်နင်ကို အတွက်မှာမူ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်မှူး များက အာကာသအ တွင်း လမ်းလျှောက်မှုကို လုပ်ဆောင် နေစဉ်တွင် အခြား အာကာသယာဉ်မှူး များက လေ့လာ စောင့်ကြည့် နေခဲ့ကြကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ရုရှား အာကာသယာဉ်မှူး နှစ်ဦး အာကာသအတွင်း အောင်မြင်စွာ လမ်းလျှောက်နိုင်ခဲ့   ရုရှား အာကာသယာဉ်မှူး နှစ်ဦး အာကာသအတွင်း အောင်မြင်စွာ လမ်းလျှောက်နိုင်ခဲ့ Reviewed by သစ်ထူးလွင် on 10:42 Rating: 5
Powered by Blogger.