ခရီးသည် ၄၉ ဦးနှင့် လေယာဉ် အမှုထမ်းငါးဦး စီးနင်း လိုက်ပါသော အင်ဒိုနီးရှားလေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါသူများ အသက်ရှင်ဖွယ်မရှိ


 ဂျကာတာ သြဂုတ် ၁၆

 ကလေးငါးဦး အပါအဝင် ခရီးသည် ၄၉ ဦးနှင့် လေယာဉ် အမှုထမ်းငါးဦး စီးနင်းလိုက်ပါ သောTrigana Air လေကြောင်း လိုင်းမှ ATR-42 လေယာဉ်သည် ယနေ့စောစောပိုင်းက ပျောက်ဆုံး သွားခဲ့ပြီးနောက် နာရီများစွာအကြာ တွင် ဝေးလံခေါင်ဖျားပြီး တော တောင်ထူထပ်သည့် အင်ဒိုနီးရှားနိုင်ငံ ပါပူအာအရှေ့ပိုင်းဒေသတွင် ပျက်ကျ သွားခဲ့ကြောင်း အဆိုပါလေကြောင်း လိုင်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။


အဆိုပါလေယာဉ်သည် ပါပူအာ ပြည်နယ် ဂျာရာပူရာမြို့တော် ဆန်တာနီလေဆိပ်မှ ထွက်ခွာလာပြီး သွားရောက်မည့် အော့ဘ်ဆီဘီမြို့သို့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄ မိနစ်တွင် ရောက်ရှိမည်ဟု ခန့် မှန်းထားသည်။ လေယာဉ်သည် ပျံတက်ပြီး မိနစ် ၄ဝ ခန့်အကြာတွင် လေဆိပ်နှင့် အဆက်အသွယ်ပြတ် တောက်သွားသဖြင့် အဆိုပါ လေယာဉ်လိုင်းမှ အခြားလေယာဉ် တစ်စင်းကို စေလွှတ်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် ရှာဖွေမှု အထမမြောက်ခဲ့ပေ။

နာရီများစွာကြာလာသည့်အချိန် တွင် ပါပူအာဒေသရှိ ကျေးရွာသား များက လေယာဉ်တစ်စင်း ပျက်ကျသွား သည်ဟု မြင်တွေ့ခဲ့ရကြောင်း၊ လေယာဉ်ပျက်ကျသည်ဟု ဆိုသော အော့ဘ်ဆီဘီခရိုင်သို့ စစ်ဘက် နှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေရေးအဖွဲ့ဝင် များ သွားရောက်ရှာဖွေစစ်ဆေးရာ လေယာဉ်ပျက်ကျသည်ကို အတည် ပြုနိုင်ခဲ့ကြောင်း ရိုက်တာသတင်း များ၌ ရေးသားဖော်ပြထားသည်။ ဒေသခံများ၏ ပြောကြားချက်အရ လေယာဉ်သည် ပျက်မကျမီ ခပ်နိမ့် နိမ့် ပျံသန်းခဲ့ရာမှ တောင်နှင့်တိုက်မိ ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

 ရိုက်တာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည် ၄၉ ဦးနှင့် လေယာဉ် အမှုထမ်းငါးဦး စီးနင်း လိုက်ပါသော အင်ဒိုနီးရှားလေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါသူများ အသက်ရှင်ဖွယ်မရှိ  ခရီးသည် ၄၉ ဦးနှင့် လေယာဉ် အမှုထမ်းငါးဦး စီးနင်း လိုက်ပါသော အင်ဒိုနီးရှားလေယာဉ်ပျက်ကျ၊ လေယာဉ်ပေါ်ပါသူများ အသက်ရှင်ဖွယ်မရှိ Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.