ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက် တိုးမြှင့် သတ်မှတ်

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံး ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)
ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်ကို သြဂုတ်လ ၈ ရက် နေ့အထိ သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအနှံ့ရေကြီး ရေလျှံမှုများကြောင့် သြဂုတ်လ ၁၄ ရက်သို့ တိုးမြှင့် သတ်မှတ် ပေးလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းလွှာများကို ရုတ်သိမ်းလိုက ရုတ်သိမ်းမည့် ရက်ကို သြဂုတ်လ ၁၇ ရက်သို့ လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့်ရက်ကို သြဂုတ်လ ၁၈ မှ ၂၇ ရက်ထိ ပြောင်းလဲ သတ်မှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ စသည့် သဘာဝ ဘေးအန္တရာယ် များကြောင့် ရက်တိုးမြှင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲအတွက် အမည်စာရင်း တင်သွင်းရာတွင် သွားလာရန် ခက်ခဲသည့် ကိုယ်စား လှယ်လောင်း များသည် ရွေးကောက်ပွဲ ကော်မရှင်ထံ အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက် တိုးမြှင့် သတ်မှတ်  ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရက် တိုးမြှင့် သတ်မှတ် Reviewed by THITHTOOLWIN on 17:23 Rating: 5
Powered by Blogger.