UN-SRCAC ၏ ကလေးစစ်သား စုဆောင်းမှု အစီရင်ခံစာ SSA-S တပ် နှင့် တိုင်းရင်းသားတပ် ၆ ခု ပါဝင်


ဂျူလိုင် ၁၇ ရက် ၂၀၁၅

ဂျူလိုင် ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းေ ရးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ် စားလှယ် အစီရင်ခံစာတွင် ကလေးစစ်သားစုဆောင်းမှုပြုနေသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့ ၇ ခု အနက် သျှမ်းပြည်နယ်တပ်မတော် SSA-S လည်းတခု ပါဝင်သည်ဟု သိရှိရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များ နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင် အထူးကိုယ်စားလှယ် Ms.Leila Zerrougui ၏ အစီရင်ခံစာတွင် ဒီကေဘီအေ၊ ကချင် လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုး သားလွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်ဖွဲ့၊ သျှမ်းပြည်နယ်တပ်ဖွဲ့ Shan State Army South (SSA-S) နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ ကလေးစစ်သား စုဆောင်းမှု ပြုလုပ်နေသည်ဟု ပါရှိသည်။

မြန်မာ့တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၇ ခုက ကလေး စစ်သားစုဆောင်းအသုံးပြုနေတယ်။ ကလေးသူငယ်များရဲ့ ကောင်း ကျိုးကိုေ ဖ်ါဆောင်ပေးဖို့ အကာအကွယ်ပေးနိုင်ဖို့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အသက်(၁၈)နှစ်အောက် ကလေး သူငယ်များကို တပ်သားအဖြစ်ခေါ်ယူ စုဆောင်း အသုံးပြုနေမှုကိုရပ်တန့်ရေးစီမံချက် Action Plan မှာ လက်တွဲပါ ဝင်ဖို့လိုတယ် - ဟုသတင်းစာရှင်းလင်းပွဲတွင် Ms.Leila Zerrougui က ပြော ကြား သွားသည်။

တောင်ပိုင်းသျှမ်းပြည်တပ်မတော် SSA-S ဟုလူသိများသည့် သျှမ်းပြည်ပြန် လည် ထူထောင် ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက “ ကျနော်တို့မှာ အသက် ၁၈ နှစ် အောက်ကလေးတွေရှိတယ်။ ကျနော်တို့ စုဆောင်း လာတာမဟုတ်ဘူး။ သူတို့မိဘကလာ အပ်တာ။ သူတို့တွေကို စစ်သားမလုပ်ခိုင်းဘူး။ စာသင်ခိုင်းတယ် အသက် ၁၈ နှစ် ပြည့်တဲ့ အထိ။ ဒါက မတရား စွပ်စွဲချက်ဘဲ။ ကျနော်တို့ ဌာနချုပ် လွယ်တိုင်းလျဲန်းကို လာရောက် ကြည့် ရှု နိုင်တယ်။ ကလေးစစ်သားမရှိဘူး ကျနော်တို့မှာ” - ဟု ပြောသည်။

ထို့အပြင် ဗိုလ်မှူးကြီး စိုင်းလှ က - သျှမ်းပြည်တပ်မတော်တွင် ကလေးစစ်သား စုဆောင်း သည့် ပေါ် လစီမရှိကြောင်း၊ သို့သော် အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အထိ သျှမ်းပြည်သားတိုင်း စစ်တာဝန်ထမ်းဆောင်ရမည်ဆိုသည့်ပေါ် လစီတော့ ရှိကြောင်း၊ စစ်မှုထမ်သက်တမ်းအားလည်း ၂ နှစ်၊ ၃ နှစ်၊ ၅ နှစ် နှင့် ထာဝရ စစ်သည် စသဖြင့် သတ်မှတ်ထားကြောင်း လည်းပြော သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေမှူးချုပ်၏ ကလေးသူငယ်များ နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Leila Zerrougui သည် ကလေးသူငယ်များ အကာ အကွယ်ရရှိစေရန် ဂျူလိုင် ၁၂ ရက်မှ ၁၆ ရက်နေ့ အထိ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးဖြင့် ရောက်ရှိ လာခြင်းဖြစ် ၏။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
UN-SRCAC ၏ ကလေးစစ်သား စုဆောင်းမှု အစီရင်ခံစာ SSA-S တပ် နှင့် တိုင်းရင်းသားတပ် ၆ ခု ပါဝင် UN-SRCAC ၏ ကလေးစစ်သား စုဆောင်းမှု အစီရင်ခံစာ SSA-S တပ် နှင့် တိုင်းရင်းသားတပ် ၆ ခု ပါဝင် Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.