အပူပိုင်းမုန်တိုင်း TWO(02B)



 ဇူလိုင် ၂၅ ရက်၊ မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမှ စတင်၍ INVEST 98B အဖြစ် ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့အထိ ရွေ့လျားမည့် လမ်းကြောင်းအား JTWC(Joint Typhoon Warning Caenter - Hawaii)မှ ထုတ်ပြန်သည့် ပုံ ဖြစ်ပါသည်။

ပုံတွင် အနီရောင်မျဉ်းအတွင်း ကျရောက်သည့် ဒေသများမှာ မုန်တိုင်း လေပြင်းတိုက်ရိုက် တိုက်ခတ်ခံရမည့် ဒေသများဖြစ်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ ပါဝင်ကြောင်း တွေ့ရပါသည်။

ပြီးခဲ့သည့် post များတွင် မုန်တိုင်းရွေ့လျားမည့် လမ်းကြောင်း ကြိုတင်ခန့်မှန်းပုံများဖြင့် တင်ပြခဲ့ပြီးဖြစ်ရာ ကြိုတင်ခန့်မှန်းလမ်းကြောင်းနှင့် လေတိုက်နှုန်းများအတိုင်း ဖြစ်ပေါ်လျှက်ရှိပါသည်။

ယနေ့နံနက် ၉ နာရီတွင် တွေ့ရသည့် ပုံ (ပုံ-၂)တွင် မုန်တိုင်း ညာဘက်ခြမ်း၌ ကျရောက်လျှက်ရှိသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများနှင့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသအချို့တို့တွင် လေပြင်းတိုက်ခတ်သည့် အခြေအနေကို တွေ့နိုင်ပါသည်။ စစ်တွေနှင့် ကျောက်ဖြူမြို့များတွင် လေပြင်းတိုက်ခတ်မှု အပြင်းဆုံး 115 km/h(တစ်နာရီ မိုင် ၇ဝ ခန့်အထိ) တိုက်ခတ်လျှက်ရှိကြောင်း တွေ့ရပါသည်။

MMweather Page
https://www.facebook.com/mmweather
အပူပိုင်းမုန်တိုင်း TWO(02B)  အပူပိုင်းမုန်တိုင်း TWO(02B) Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.