RSO ၀င်ရောက်အကြမ်းဖက်မည်ဆိုသောကြောင့် ဆရာ/မ များ တာဝန်ကျရာနေရာတွင်မနေ၀ံ့ဘဲ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့


 ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့အစည်း RSO အဖွဲ့များ ၀င်ရောက်အကြမ်းဖက်မည့် ဆိုသည့် သတင်းများပျံနှံ့နေသည့်အတွက် မောင်တော မြို့နယ်အတွင်း ကျေးလက်ဒေသများတွင် တာဝန်ကျနေသော ကျောင်းဆရာ/မများ မနေရဲတော့ပဲ မောင်တောမြို့ပေါ်သို့ စုရုံးရောက်ရှိနေကြောင်း မောင်တောဒေသခံများထံမှ သိရသည်။

မောင်တောမြို့နယ်အတွင်း ဇူလိုင်လ ၁၉ ရက်နေ့ နောက်ပိုင်း တဘက်နိုင်ငံမှ RSOနှင့် IS ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများကို လုပ်မည်၊ ဌာနဆိုင်များကိုပါ ၀င်ရောက်တိုက်ခိုက်မည်၊ အကြမ်းဖက်တိုက်ခိုက်မှုမ အောင်မြင်လျင် ၀န်ထမ်းများကို သတ်ဖြတ်မည် ဆိုသည့် သတင်းများ ပျံ့နှံနေကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့ခံ ကျောင်းဆရာမတဦးက “ အကြမ်းဖက်မယ် ဆိုတဲ့ သတင်းတွေက ကျွန်မတို့လည်း ကြားတယ်။ ဆရာမတွေ မြို့ပေါ်သို့ လာကြတယ် ဆိုတာလည်း ဟုတ်ပါတယ်။ ဘယ်မှာနေလဲဆိုတော့ တချို့ကတော့ ဆွေမျိုးတွေ အိမ်မှာနေကြတယ်။ ဆွေမျိုးမရှိတဲ့ ဆရာမတွေကတော့ သူတို့နဲ့ နီးစပ်တဲ့ အိမ်တွေမှာ နေကြတယ် ။ တခါတုန်းလည်း ကြုံဖူးပြီဆိုတော့ အားလုံးကတော့ ကြောက်ကြတာပဲ ” ဟုပြောသည်။

အဆိုပါသတင်းကြောင်း မောင်တောမြို့ပေါ်သို့ စုရုံးရောက်ရှိနေသော ဆရာ/မများမှာ မြို့၏မြောက်ဘက်ပိုင်း ကြိမ်ချောင်း ၊ ခမောင်းဆိပ်၊ ဝေလာတောင်၊ ဗန္ဓုလစသည့် ကျေးရွားများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ မများ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း RSO အကြမ်းဖက်အဖွဲ့များက အကြမ်းဖက် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ၄င်းတို့၏ ဥပုဒ်နေ့ ပြီးသည့် နောက်ပိုင်းတွင် ဌာနဆိုင်ရာများကို ၀င်ရောက် တိုက်ခိုက်မည် ၊ ၀န်ထမ်းများကို သတ်ဖြတ်မည် ဆိုသည့် သတင်းများကို လွင့်ထားကြောင်း မောင်တောဒေသခံများက ပြောသည်။

ရခိုင်အမျိုးသားပါတီမှ မောင်တောမြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်သန်းက “ ကျွန်တော်တို့ဒေသမှာ သတင်းတွေထွက်ပေါ်နေတာ ဟုတ်ပါတယ်။ မဟုတ်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ အသက်နဲ့ လောင်းကြေးထပ်ပြီး ဘယ်သူနေရဲမလဲ ၊ တချို့ကလည်း မိဘ၊ ဆွေမျိုးသားချင်းတွေက ကားနဲ့ သွားခေါ်ကြတယ်။ တချို့ကလည်း ကြောက်လို့ လာကြတယ်”ဟု ပြောသည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ ရဲမှူးကျော်မြ၀င်းက လက်ရှိအချိန်တွင် လုံခြုံရေးအင်အား အလုံအလောက် ချထားသည့် အတွက် စိုးရိမ်စရာမရှိကြောင်း ၊မောင်တောမြို့နယ်တွင် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကိုလည်း ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်ဟု ပြောသည်။

ရခိုင်ပြည်နယ်မောင်တောမြို့နယ်တွင် ဆရာ/မ အင်အား စုစုပေါင်း ၁၃၀၀ ကျော်ရှိကြောင်း မောင်တောမြို့နယ် ပညာရေးမှုးရုံးမှ သိရသည်။

မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
RSO ၀င်ရောက်အကြမ်းဖက်မည်ဆိုသောကြောင့် ဆရာ/မ များ တာဝန်ကျရာနေရာတွင်မနေ၀ံ့ဘဲ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့  RSO ၀င်ရောက်အကြမ်းဖက်မည်ဆိုသောကြောင့် ဆရာ/မ များ တာဝန်ကျရာနေရာတွင်မနေ၀ံ့ဘဲ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.