Punjab ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်

ဒီတိုက်ခိုက်မှုအတွင်း အရပ်သား ၄ ဦးနဲ့ ရဲ ၂ ဦး သေဆုံးခဲ့ရပါတယ်။ (Credit: Reuters) 
 အိန္ဒိယနဲ့ ​ပါကစ္စတန် ​နယ်စပ်မှာ ​ရှိတဲ့ ​Punjab ​ပြည်နယ်ထဲက ​ရဲစခန်း ​တစ်ခုကို ​သေနတ် ​သမားတွေ ​ဝင်စီးခဲ့ရာက ​လူ ​၆ ​ယောက် ​သေဆုံးပြီး ​တချို့ ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

စစ်ဝတ်စုံ ​ဝတ်ထားတဲ့ ​သေနတ်သမားတွေဟာ ​ကားဖြူတစ်စီးနဲ့ ​ရဲစခန်းထဲ ​ခိုးဝင်လာပြီး ​ပစ်ခတ်ခဲ့တဲ့အတွက် ​အရပ်သား ​၄ ​ယောက် ​သေဆုံးပြီး ​ရဲ ​နှစ်ယောက် ​ကျဆုံးခဲ့ပါတယ်။

အိန္ဒိယနဲ့ ​ပါကစ္စတန် ​နယ်စပ်မှာ ​လုံခြုံရေးတွေ ​တိုးချဖို့ ​နယ်စပ်လုံခြုံရေး ​အရာရှိကို ​ညွန်ကြားထားပြီလို့ ​အိန္ဒိယ ​ပြည်ထဲရေးရာ ​ဝန်ကြီး ​Rajnath ​Singh ​က ​ပြောပါတယ်။

မကြာခင်မှာ ​အခြေအနေကို ​ထိန်းသိမ်းနိုင်မယ်လို့ ​မျှော်လင့်ကြောင်းလည်း ​သူ့ရဲ့ ​တွစ်တာမှာ ​ရေးသားထားပါတယ်။

Sikh ​Khalistani ​တွေရဲ့ ​လက်ချက် ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

Sikh ​တွေက ​အဲဒီဒေသကို ​သူတို့ကို ​ပေးဖို့ ​တောင်းဆိုခဲ့ဖူးပြီး ​အဲဒီဒေသကို ​Khalistan ​လို့ ​ခေါ်ကြပါတယ်။

အဲလို ​တောင်းဆိုမှုကို ​အိန္ဒိယ ​အစိုးရက ​အရင်တုန်းက ​နှိမ်နင်းမှုတွေ ​လုပ်ခဲ့တာတွေ ​ရှိတဲ့အတွက် ​အခုလို ​တိုက်ခိုက်မှုမျိုး ​လုပ်လေ့ရှိတယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​Punjab ​ပြည်နယ် ​ရထားလမ်းမှာလည်း ​ဗုံးငါးလုံးကို ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Punjab ရဲစခန်းမှာ ပစ်ခတ်မှုဖြစ်  Punjab ရဲစခန်းမှာ ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.