သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များတွင် ကထိကရာထူးတိုး လျှောက်ထားသူ များ နိုင်ငံခြား Ph.D ဘွဲ့ရဖြစ်ရမည်ဟုဆို


 သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ကထိက ရာထူးတိုးများအတွက် ပရိုမိုးရှင်းခေါ်ရာတွင် နိုင်ငံခြားဘွဲ့ရ Ph.D ဒေါက်တာဘွဲ့ရများကိုသာလျှောက် ထားခွင့်ပြုထားကြောင်း အဆိုပါ ဝန်ကြီး ဌာန၏ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည့် အကြောင်းကြားစာအရ သိရသည်။

ရာထူးလုပ်သက် ၃ နှစ်ရှိပြီး နိုင် ငံတော်အဆင့်မှ ပေးအပ်သော ထူးချွန်ဆုရရှိထားသူ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ရောက်ပြီးသူ ဝန်ကြီးဌာနမှ ပေးအပ်ထားသော ထူးချွန်ဆုကို ရရှိထားသူများလည်း လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။ သို့သော် ထူးချွန်ဆုဆိုရာတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်က ချီးမြှင့်သည့် ထူးချွန်ဆုများ မပါဝင်ကြောင်း ထည့်သွင်းရေးသားထားသည်။

အဆိုပါ အကြောင်းကြာစာနှင့်ပတ်သက်၍ ပြည်တွင်း Ph.D များကို ထည့်မစဉ်းစားကြောင်း ထူးချွန်သူများ ဖြစ်ပါကလည်း ဖောင်ကြီးသင်တန်းမှ ထူးချွန်မှုကို အသိမှတ်မပြုဟု ဆိုခြင်းကြောင့် ပြည်တွင်း Ph.D ဒေါက်တာများအတွက် ပရိုမိုးရှင်းစိတ်မကူးနှင့် ဆိုသကဲ့သို့ ဖြစ်သွားသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ၎င်း၏ ကိုယ်ပိုင်အင်တာ နက်စာမျက်နှာ ဖေ့ဘွတ်ခ်မှတစ်ဆင့် ဝေဖန်ပြောဆိုလိုက်သည်။

“ပြည်တွင်းဘွဲ့နဲ့ ပြည်ပဘွဲ့က ကွာခြားတာတော့ မှန်ပါတယ်။ ဒီလိုစာထုတ်လိုက်တော့ ကိုယ့်တက္ကသိုလ်က မွေးထုတ်လိုက်တဲ့ Ph.D တွေ ကိုယ့်ဟာကို ပြန်နှိမ့်ချဆက်ဆံလို့ ခွဲခြားခံရတာ ကောင်းပါ့မလား” ဟု ဦးလှဆွေက ရေးသားထားသည်။

ထို့အတူ ပြည်တွင်း Ph.D ဘွဲ့ရ ရန်မှာလည်း အချိန်၊ ငွေကြေး၊ ဝီရိယ စိုက်ထုတ်ခဲ့ရမှု အတိုင်းအတာတစ်ရပ် ရှိခဲ့မည်ဖြစ်ရာ ယင်းလူများအဖို့ရာနစ် နာသည်ဟု ထင်မြင်ကြောင်း ဦးလှဆွေက ဆိုထားသည်။

“တကယ်တော့ ပြည်တွင်း Ph.D တွေက လမ်းကြောင်း လွဲသွားကြတာဗျ။ သူတို့က တက္ကသိုလ် ပထမနှစ်လောက်မှာ ဆန္ဒလေး ဘာလေး ပြပျက်ပြီး နိုင်ငံခြားထွက်ပြေး။ ရဗျူဂျီ လုပ်။ ကျောင်းဆက်တက်။ နိုင်ငံခြား Ph.D ရ။ မြန်မာပြည်ပြန်လာ။ အစိုးရလုပ်ပုံတွေ မှန်လိုက်လေ ဘာညာဘာညာ နည်းနည်း ဖားလိုက်ရင် ခုလောက်ဆို ညစာစားပွဲမှာ သမ္မတတို့၊ သိပ္ပံဝန်ကြီးတို့နဲ့ ထမင်းတစ်ဝိုင်းတည်း အတူတူ စားနေရလောက်ပြီ” ဟုလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ရေးသားထားသည်။

ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များတွင် ကထိကရာထူးတိုး လျှောက်ထားသူ များ နိုင်ငံခြား Ph.D ဘွဲ့ရဖြစ်ရမည်ဟုဆို  သိပ္ပံနှင့်နည်းပညာတက္ကသိုလ်များတွင် ကထိကရာထူးတိုး လျှောက်ထားသူ များ နိုင်ငံခြား Ph.D ဘွဲ့ရဖြစ်ရမည်ဟုဆို Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.