၂၀၁၅ ရွေးကောက်ပွဲအတွက် NLD အား UNA ဖြင့်သာ မဟာမိတ်ဖွဲ့လို


 ဂျူလိုင်လ ၁၇ ရက် ၂၀၁၅

 NLD နှင့် တိုင်းရင်းသားပါတီများအကြား ရွေးကောက်ပွဲအတွက် မဟာ မိတ်ပြုလုပ်ရာတွင် CRPP အဖွဲ့ထက် UNA အဖွဲ့ဖြင့်သာ မဟာမိတ်ပြု လိုသည်ဟု ၁၉၉၀ အောင်ပွဲခံ တိုင်းရင်းသားပါတီ များ ခေါင်းဆောင်များက NLD ပါတီထံ အကြောင်းကြားထားကြောင်း သိရသည်။

“ကျနော်တို့က ပြောထားတယ် CRPP ဆိုရင် တိုင်းရင်းသား ကိုယ်စားပြုမှုက ပိုနည်းနေမယ်။ တိုင်း ရင်းသား ကိုယ်စားပြုမှု ပိုများအောင် CRPP ထဲက တိုင်းရင်းသားပါတီတွေပါနေတဲ့ UNA နဲ့လုပ်ပါလို့ အကြောင်းကြားထားတယ်။ သူတို့က ဘာမှ ပြန်ကြားတာတော့ မရှိသေးဘူး” ဟု UNA အဖွဲ့ဝင် SNLD ပါတီမှ ပြောခွင့်ရ စိုင်းလိတ်က ပြောသည်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် CRPP အဖွဲ့ဝင် တိုင်းရင်းသားပါတီ များနှင့် ရွေးကောက်ပွဲ မဟာမိတ်ဖွဲ့နိုင်ရေးအတွက် ယခုရက်ပိုင်း အတွင်း ဆွေးနွေး မှုများ ပြုလုပ်နေခဲ့ရာ ဂျူလိုင်လ ၁၃ ရက်နေ့က CRPP အဖွဲ့ဝင်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆွေးနွေးခဲ့ သည်။

လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီ CRPP ကို ၁၉၉၈ ခုနှစ်က ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ခေါ်ယူပေးခြင်း မရှိခဲ့သည့် လွှတ်တော် ခေါ်ယူပေးရေးအတွက် အန်အယ်လ် ဒီနှင့် ၉၀ ရွေးကောက် ပွဲအနိုင်ရ တိုင်းရင်းသားပါတီများ စုပေါင်းဖွဲစည်းခဲ့ခြင်း ဖြစ်သည်။

CRPP တွင် ပါဝင်သည့် သျှမ်း ၊ မွန် ၊ ရခိုင် နှင့် ဇိုမီးပါတီများမှာ ညီညွတ်ေ သာ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA တွင်လည်း ပါဝင်နေပြီး UNA အဖွဲ့ကို တိုင်းရင်းသားပါတီ ၁၁ ပါတီ ဖြင့် ဖွဲ့စည်းထားသည်။

UNA အဖွဲ့၏ ဥက္ကဌမှာ SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး ဖြစ်ပြီး ယင်းအဖွဲ့တွင် ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ရခိုင် ၊ သျှမ်း စသည့် တိုင်းရင်းသားေ ဒသပေါင်းစုံမှ ပါတီများ ပါဝင်သည်။

UNA အဖွဲ့မှာ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရန် စိတ်ဆန္ဒပြင်းထန်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် လည်း မဟာမိတ်ဖွဲ့ထားသဖြင့် UNA နှင့် NLD သာ မဟာမိတ်ဖွဲ့မည်ဆိုပါက တိုင်း ရင်း သားပေါင်းစုံကိုယ်စားပြုမှု အားကောင်းကောင်းဖြင့် နိုင်ငံရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ ပိုမိုထိရောက်လာဖွယ်ရှိနေကြောင့် နိုင်ငံရေး လေ့ လာသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။

သျှမ်းသံတော်ဆင့်/ စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
၂၀၁၅ ရွေးကောက်ပွဲအတွက် NLD အား UNA ဖြင့်သာ မဟာမိတ်ဖွဲ့လို  ၂၀၁၅ ရွေးကောက်ပွဲအတွက် NLD အား UNA ဖြင့်သာ မဟာမိတ်ဖွဲ့လို Reviewed by THITHTOOLWIN on 16:32 Rating: 5
Powered by Blogger.