ယူကရိန်းသူပုန်တွေ MH17 ပျက်စီးတွေကြား မွေနှောက်မှုလုပ်ခဲ့

MH17 လေယာဉ် ပျက်ကျမှုအတွင်း ၂၉၈ ယောက် သေဆုံးပြီး သြစတြေးလျ နိုင်ငံသား ၃၈ ယောက် ပါဝင်ပါတယ်။ (Credit: AFP)
 ရုရှားအစိုးရက ​ကျောထောက်နောက်ခံ ​လုပ်ထားတဲ့ ​ယူကရိန်းသူပုန်တွေကို ​MH ​17 ​လေယာဉ် ​အပျက်အစီးတွေအကြား ​မွေနှောက်မူ ​လုပ်ခဲ့တာကို ​ရိုက်ကူးထားတဲ့ ​ဗီဒီယို ​ထွက်ပေါ်လာပါတယ်။

မလေးရှားပိုင် ​MH ​17 ​လေယာဉ်ဟာ ​ယူကရိန်းနိုင်ငံမှာ ​ပျက်ကျခဲ့တာ ​ဖြစ်ပါတယ်။ ​ခရီးသည်နဲ့ ​လေယာဉ် ​အမှုထမ်း ​စုစုပေါင်း ​၂၉၈ ​ယောက်စလုံး ​သေဆုံးခဲ့ရပါတယ်။

အဲဒီလေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​သြစတြေးလျနိုင်ငံသား ​၃၈ ​ယောက်လည်း ​သေဆုံးခဲ့ရပါတယ်။

ပျက်ကျနေတဲ့ ​လေယာဉ်နဲ့ ​အလောင်းတွေကြားမှာ ​ယူကရိန်းသူပုန်တွေက ​ခရီးသည် အိတ်တွေကို ​မွေနှောက်နေတဲ့ ​ပုံတွေ ​ပြသထားပါတယ်။

လေယာဉ်ပျက်ကျတဲ့ ​တစ်နှစ်ပြည့်တဲ့နေ့မှာ ​News ​Corp ​သတင်းဌာနက ​ထုတ်ပြန်လိုက်တာ ​ဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ ​လေယာဉ်က ​တိုက်လေယာဉ်မဟုတ်ပဲ ​ခရီးသည်လေယာဉ် ​ဖြစ်နေတာကို ​ယူကရိန်း ​သူပုန်တွေက ​အံ့အားသင့်နေတဲ့ ​ပုံတွေ ​ပါဝင်ပါတယ်။

ရုရှားဘာသာနဲ့ ​ပြည်သူတွေ၊ ​ပြည်သူတွေ၊ ​ဒါက ​ခရီးသည်တင် ​လေယာဉ် ​ဖြစ်နေတယ်ဆိုတဲ့ ​စကားတွေကို ​ကြားခဲ့ရပါတယ်။

သူပုန်တွေက ​လေယာဉ် ​ပျံသန်းမှု ​မှတ်တမ်း ​Black ​Box ​ကို ​လိုက်လံရှာဖွေနေတဲ့ ​ပုံကို ​တွေ့ရပြီး ​ကျောပိုးအိတ် ​တစ်လုံးမှာတော့ ​သြစတြေးလျ ​လို့ ​ရေးသားထားတာကို ​တွေ့ရပါတယ်။

အဲဒီ ​ဗီဒီယိုကို ​ကြည့်ပြီး ​အရမ်းကို ​စိတ်အနှောင့်အယှက် ​ဖြစ်ရတယ်လို့ ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ်က ​ပြောပါတယ်။

ဒီဗီဒီယိုကို ​ကြည့်ခြင်းအားဖြင့် ​လေယာဉ်ဟာ ​ပစ်ခတ်ခံရတယ်ဆိုတာကို ​ပိုထင်ရှားစေတယ်လို့လည်း ​ပြောလိုက်ပါတယ်။

သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ကလည်း ​ဒါကို ​ကြည့်ပြီး ​လေယာဉ်က ​မတော်တဆမှုကြောင့် ​ပျက်ကျတာ ​မဟုတ်ဘူး ​ဆိုတာ ​ပိုထင်ရှားစေတယ်လို့ ​ဆိုပါတယ်။

ဘယ်သူ့ရဲ့ ​လက်ချက်လည်း ​ဆိုတာ ​မသိပေမယ့် တစ်ယောက်ယောက်ကြောင့် ​ဖြစ်ရတာလို့လည်း ​ပြောပါတယ်။

အများစုကတော့ ​ရုရှားက ​ထောက်ခံနေတဲ့ ​ယူကရိန်းသူပုန်တွေရဲ့ ​လက်ချက် ​ဖြစ်တယ်လို့ ​ယူဆထားပေမယ့် ​ယူကရိန်း ​သူပုန်နဲ့ ​ရုရှားကတော့ ​ငြင်းဆိုနေပြီး ​ယူကရိန်း ​စစ်သားတွေရဲ့ ​လက်ချက် ​ဖြစ်မယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ယူကရိန်းသူပုန်တွေ MH17 ပျက်စီးတွေကြား မွေနှောက်မှုလုပ်ခဲ့  ယူကရိန်းသူပုန်တွေ MH17 ပျက်စီးတွေကြား မွေနှောက်မှုလုပ်ခဲ့ Reviewed by THITHTOOLWIN on 10:38 Rating: 5
Powered by Blogger.