မဟာချိုင်ပုလိပ်ဖမ်းဆီး ငွေညှစ်ရိုက်နှက်မှု

  “မဟာချိုင်ပုလိပ်ဖမ်းဆီးငွေညှစ်ရိုက်နှက်မှု MAT အဖွဲ့သွားရောက်ဖြေရှင်း”

၂၀၁၅ ခု မေလ ၂၀ ရက်နေ့

         ပတ်စပို့ဝတ်ပါမစ် အပြည့်အစုံရှိသည့် မြန်မာ အလုပ်သမားများအား ဖမ်းဆီးငွေတောင်းရုံသာမက လက်ထိပ်ခပ်၍ ကန်ကျောက်သည့် ကိစ္စအား MAT အဖွဲ့နှင့် ဘန်ကောက် MOEAF ရုံးတာဝန်မှူးတို့ အတူတကွ သွားရောက်ဖြေရှင်းခဲ့ကြသည်။
       ဘန်ကောက်မြို့ တလိမ်ခြမ်း စုံဖတ် ၂၆လမ်း တွင်ရှိသော ရေခဲအလုပ်ရုံတွင် အလုပ်လုပ်ရင်း လက်မောင်း ရိုးကျိုးသွားခဲ့သည့် မိုးမိုးမိသားစုအေဂျင် စီဖြင့်လာသည့် MOU အလုပ်သမား မကွေးတိုင်း မင်းလှမြို့နယ်၊ ကံရွာမှ အလုပ်သမား  ငွေကျော် သည် အလုပ်မလုပ်နိုင်တော့သဖြင့် နေရပ်သို့ပြန်လိုသဖြင့် မိသားစုများထံသို့ အကြောင်းကြားရန်အတွက်  နေရပ်ပြန်မည့် တရွာတည်းသားထံသို့ ၂၀၁၅ ခု ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်း က မဟာချိုင်သို့ အတူတူအလုပ်လုပ်နေကြသူများဖြစ်ကြသော တရွာတည်းသား   ဇော်ဝင်းဦး နှင့်  ကရင်ပြည် နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းရွာမှ ပြည့်စုံအောင် တို့ ၃ဦးလာခဲ့ကြသည်။
           နံနက်၇နာရီခန်တွင်မဟာချိုင်မှပုလိပ်၂ဦးဖမ်းဆီး၍ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီးထိုင်းစကားပြော တတ်သည့် ပြည့်စုံအောင်ကို လက်ထိပ်ခတ်ခဲ့သည်။အလုပ်သမားတစ်ဦးစီ ဘတ်ငွေ၎,၀၀၀ စီတောင်း  ခံသော်လည်း မွန်းလွဲ ၁နာရီခန့်တွင် ၃ဦးအတွက် ဘတ်ငွေ ၄,၀၀၀ ပေးခဲ့သဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သည်။
ပြည်စုံအောင်က “ကျနော် နယ်စပ်က ကရင်တပ်ဖွဲ့တစ်ခုကပါ။ ဒုက္ခသည်စခန်းကတစ်ဆင့်လာပြီးတော့ အလုပ် လုပ်နေတာပါ။ ရဲစခန်းထဲမှာ ဘာသာပြန်နေတာက ကုလားဆင်နဲ့ဗမာတစ်ယောက်၊ ရုပ်ခပ်ဖြောင့်ဖြောင့်နဲ့ ဗိုက်ခပ်ချွဲချွဲနဲ့ တစ်ယောက်ရှိတယ်။ သူကပဲ ကျနော့်ကို စကားပြောတတ်တယ်ဆိုပြီး ပုလိပ်ကိုလက်ထိပ်ခပ် ခိုင်းခဲ့တယ်။ ဟို၂ယောက်က MOU အလုပ်သမား ၂ယောက်ပါ။ ကျနော်က အလုပ် သမားပတ်စပို့နဲ့ ၀တ်ပါမစ် နဲ့ အပြည့်အစုံပြပါတယ်။ ဒါပေမယ့် ငွေမပေးရင် အချုပ်ထဲပို့မယ်လို့ ဘာသာပြန်တွေကပဲခြိမ်းခြောက်တယ်”ဟု ပြောသည်။


          ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာမှ မောင်လေးဆိုသူသည် ဘန်ကောက်မြို့ ပချာအူထစ်အရပ်တွင်ရှိသော စတီးအလှဆင်ဝတ်ချောတစ်ခုတွင်အလုပ်လုပ် သည်။ သူနှင့် ဇနီးဖြစ်သူတို့ သည် မဟာချိုင်သို့ လက်ကိုင်ဖုန်းတစ်လုံးကိစ္စဖြင့် သွားခဲ့ကြရာ နံနက် ၁၀နာရီခန့်က မဟာချိုင်မီးပွိုင့်တွင် ဖမ်းဆီးခံခဲ့ရ သည်။
          ပတ်စပို့နှင့် ၀တ်ပါမစ်အပြည့်အစုံပါသော်လည်း ဘာကြောင့်ဖမ်းဆီးရ သလဲဟု ထိုင်းဘာသာစကား   ဖြင့် ပြန်မေးခဲ့သည်ဟုဆိုသည်။မဟာချိုင်ရဲစခန်း၏ အောက်ဘက်တွင်ရှိသော အခန်းတစ်ခန်း ထဲသို့ခေါ်   ဆောင်၍ လက်ထိပ်ခပ်ကာပုလိပ်တစ်ဦးက အချက်နှစ်ဆယ်ကျော်ခန့် ပြင်းထန်စွာကန်သဖြင့် ဘယ်ဘက် နံရိုးတွင် အနီးရောင်အစင်းကြောင်းများပေါ်နေပါသည်။ ဘယ်ဘက်လက်ကောက်ဝတ်တွင် လက်ထိပ်ခပ်ခံ ရပြီး ဖိနပ်စီး၍ ကန်ကျောက်ခံထားသဖြင့် အရေပြားပွန်းပဲဒဏ်ရာများရရှိခဲ့သည်။

         ထို့အပြင် အသက်ရှုလျှင်လျှင် ရင်ဘတ်မှ အောင့်ကြောင်း ပြောသည်။ ဘတ်ငွေ ၅၀၀၀ တောင်းမှ လွှတ်မည်ဟု မြန်မာ လူမျိုး ဘာသာပြန်များကပြောသည်။  ခြေကိုဖက်၍ ရှိခိုးတောင်းပန်သဖြင့် ဘတ်ငွေ ၁,၅၀၀ ပေးခဲ့ရသည်။


     မောင်လေး က“ကျနော် ဒီနေ့မနက်  အစောကြီး သံရုံးကိုသွားတယ်။ အတွင်းဝန်က MAT ရုံးကိုလွှတ် လိုက် တယ်။ မဟာချိုင်ရဲစခန်းကိုရောက်တော့ အမှု ဖွင့်မလား၊ ဘာလုပ်ချင်လဲမေးတယ်။ MATကလူကြီး   တွေက အလုပ်မလုပ်နိုင်ခင် နားနေရင်း ဆေးကု ရင်း စားနေဖို့ လုံလောက်အောင်တောင်းပါ။ အမှုဖြစ်ရင် နိုင်တာရှုံး တာ ထက် လမ်းစရိတ်တွေ ကုန်နေမယ်လို့ပြောလို့ ကျနော် ဘတ်တစ်သောင်း နဲ့ကျေနပ်လိုက်တယ်။ ကျနော်တို့သူဌေးလာမရှင်းဘူး။ သံရုံးကလည်းလိုက်မရှင်းပေးဘူး။ MAT အဖွဲ့က ပုလိပ်ရုံးကိုလိုက်ရှင်းပေး တာ ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။


          မောင်လေးက  ဆက်လက်၍ သူလက်ထိပ် ခပ်၍ နေခဲ့ရသည့် နံနက်နက် ၁၀ နာရီမှ ညနေ ၄ နာရီ အတွင်း မြန်မာအလုပ်သမားပေါင်း ၅၀ ဦးခန့် တို့မှာလည်း ပတ်စပို့၊ ၀တ်ပါမစ်နှင့် ပန်းရောင်ဘတ် ကဒ် တို့ရှိကြသော်လည်း မဟာချိုင် ရဲစခန်းအောက် ထပ် အချုပ်ခန်းသို့ ရောက်ရှိလာခဲ့ပြီး တစ်ဦးလျှင် ဘတ်ငွေလေးငါးထောင်ပေး၍ ထွက်ခွာသွားကြရ သည်ဟုဆိုသည်။ အဆိုးဝါးဆုံးမြင့်တွေ့ခဲ့သည့်ဖြစ်စဉ်တစ်ခုမှာ ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးနှင့် ပတ်စပို့ ရှိသော်လည်း ဈေးဝယ်နေရာမှ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် ထားဝယ်အမျိုးသမီးငယ်တစ်ဦးတွင် ဘတ်ငွေ ၈၀၀ ပါသည်ဟုဆိုသည်။ သူမက ဘတ်ငွေ ၆၀၀ လောက် ယူပါ ကားခ ဘတ်ငွေ ၂၀၀ ပေးပြန်ပေးပြီး လွှတ်ပေးပါဟု ပြောဆိုသော်လည်း ပြန်မလွှတ်ပေးသည့်အပြင် မိသားစုများက ဘတ်ငွေ ၅,၀၀၀ ဖြင့် လာရွေးရသည်ဟုဆိုသည်။


         မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံ   ရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ကျနော်တို့က မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးကော်မတီတာဝန်နဲ့သွား ရှင်းတာပါ။ သံရုံးက ကျနော်တို့ကော်မတီ လူကြီးကို သတင်းပို့တယ်။ MOUအလုပ်သမား၂ဦးပါနေတာကြောင့်  အလုပ်သမားသံအရာရှိကို သတင်းပို့တယ်။ ပွဲစားအဖွဲ့ချုပ် MOEAF ရုံးတာဝန်မှူး ဦးကျော်စိုး ကို သတင်းပို့ တယ်။  စာရွက်စာတမ်းမပြည့်စုံတဲ့ အလုပ် သမားတွေနဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်လုပ်တဲ့သူ ဆိုရင်ဖမ်းပါ။ ပတ်စပို့ ရှိတဲ့အလုပ်သမားကိုဖမ်းရင် ကျနော်တို့ ဒီလိုပဲ လာပြီးတော့ စကားပြောရရင် မကောင်းဘူး။ နောက်တစ်ခါ ဆိုရင် ဘန်ကောက်ရဲဌာန ချုပ်မှာ အမှုဖွင့်မယ်လို့ပြောခဲ့တယ်။ အလုပ်သမားတွေပေးခဲ့ရတဲ့ငွေတွေ အကုန်လုံးကို လည်းပြန်ရတယ် ဆိုတော့ ကျေနပ်ပေးခဲ့ပါတယ်” ဟုပြောသည်။


      ဦးကျော်သောင်း ကဆက်လက်ပြောကြားရာ တွင် ၂၀၀၅ ၀န်ကျင်မှ ၂၀၁၀ ကာလအတွင်း ဘန်ကောက်မြို့ အနီးမဟာချိုင်မြို့မှ ထိုင်းပုလိပ်များ သည် မြန်မာအလုပ်သမားများအားလက်ကိုင်ဖုန်းကို င်ဆောင် လျှင်သော် လည်းကောင်း ကွန်ပျူတာကိုင် လျှင်သော်လည်းကောင်း ဖမ်းဆီးငွေတောင်းခံခဲ့ သည်။ အဆိုးဆုံးမှာ အလုပ်သမားများအိမ်နေစဉ် တွင် အခန်းထဲသို့ စိတ်ကြွဆေးထည့်၍ ဖမ်းဆီးငွေ   တောင်းခံခြင်း၊ ငရုတ်သီးကိုမီးရှို့၍ အလုပ်သမား များအိပ်နေသည်ကိုနှိုး၍ ဖမ်းဆီးငွေတောင်းခံခြင်းများပြုလုပ်လေ့ရှိသည်။ ပြီးခဲ့သည့် ၂နှစ် ၃နှစ်အတွင်း   မဟာချိုင်တွင် ဖမ်းဆီးငွေတောင်းခံသည့် ပုလိပ်များအား MAT အဖွဲ့သည် VDO မှတ်တမ်းတင်၍ မြန်မာ သံရုံးမှ အရာရှိတစ်ဦးနှင့်အတူ ဘန်ကောက်မြို့မှ ထိုင်းဗဟိုရဲဌာနချုပ်သို့အမှုဖွင့်တိုင်ကြားခဲ့သည်။
           ယခုအခါ မဟာချိုင်ပုလိပ်များ မတရားဖမ်းဆီးငွေတောင်းခံမှုများပြုလုပ်ရုံသာမက လက်ထိပ်ခပ်
နှိပ်စက်ညှင်းပန်းမှုများပါ ပြုလုပ်လာသဖြင့်မဟာချိုင်ဒေသမှ မြန်မာအလုပ်သမားများ အနေဖြင့် ပုလိပ်ဖမ်းခြင်းကို မြင်တွေ့ပါက လက်ကိုင်ဖုန်းကယ်မရာများဖြင့် ရိုက်ကူး၍ MAT အဖွဲ့ဒါရိုက်တာဦးကျော်သောင်းထံသို့ ပေး ပို့ကြပါရန် မေတ္တာရပ်ခံထားသည်။ မိမိတွင် ပတ်စပို့နှင့် အလုပ်လုပ်ကိုင်ခွင့် ၀တ်ပါမစ်ရှိသည့် အလုပ်သမား များအနေဖြင့် မမျှော်လင့်ပဲ ပုလိပ်များဖမ်းဆီးငွေတောင်းခြင်းခံရပါက 084 670 5727, 080 588 5548 သို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း သိရှိရသည်။

 ကိုတီး    
 Golden Worker
http://www.goldenworkers.asia/
မဟာချိုင်ပုလိပ်ဖမ်းဆီး ငွေညှစ်ရိုက်နှက်မှု    မဟာချိုင်ပုလိပ်ဖမ်းဆီး ငွေညှစ်ရိုက်နှက်မှု Reviewed by THITHTOOLWIN on 05:12 Rating: 5
Powered by Blogger.