KTV ဆိုင်မန်နေဂျာအား ဓားဖြင့်ထိုးသော ရဲဝန်ထမ်းကို အရေးယူ


 KTV ဆိုင်မန်နေဂျာအား ဓားဖြင့် ထိုးသည်ဟုဆိုသော ရဲဝန်ထမ်းကို ရဲစည်းကမ်းဖြင့် အရေးယူထားကြောင်း ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့ ဒုရဲမှူး အောင်နိုင်မိုးက The Messenger Media သို့ ပြောသည်။

  “ရိုးရိုး ရဲဝန်ထမ်းပဲ။ ရဲစည်းကမ်းနဲ့ အရေးယူထားတယ်။ ရဲစည်းကမ်းအရ ရက်ပေါင်း(၃၀)ချုပ်ထားတာပေါ့။ ပြစ်မှု ဆိုင်ရာနဲ့လည်း အရေးယူထား သေးတယ်”ဟု ၎င်းက ပြောသည်။

  ဇူလိုင်လ(၉)ရက်နေ့က ဟင်္သာတမြို့ အင်္ဂပိုလ်လမ်းရှိ ချမ်းသာ KTV ဆိုင်တွင် ည (၈ )နာရီ၊ (၃၀)မိနစ်အချိန်၌ ရဲဝန်ထမ်း တစ်ဦးဖြစ်သူမှ ဆိုင်မန်နေဂျာအား ဓားထိုးမှု တစ်ခု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

  “ဓားနဲ့ ထိုးတယ်ဆိုတဲ့ ရဲဝန်ထမ်းနဲ့ ဆိုင်ကိုလာတဲ့သူ စကားများတဲ့အချိန်မှာ မန်နေဂျာက ၀င်တားရင်းနဲ့ ဓားထိုးမှု ဖြစ်တာ။ ညတွင်းချင်းပဲ ဆေးရုံပို့ လိုက်တယ်”ဟု ဟင်္သာတ ဒေသခံ တစ်ဦးက ပြောသည်။

 အဆိုပါဓားထိုးမှု ဖြစ်စဉ်ကြောင့် KTV ဆိုင်မန်နေဂျာမှာ  ညာဘက်ရင်ခေါင်း ဘေးနှစ်လက်မခန့် နစ်မြုပ် ဓားဒဏ်ရာ ရရှိခဲ့သည်ဟု ဟင်္သတရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

 ဓားဖြင့် ထိုးသည်ဟုဆိုသည့် ရဲဝန်ထမ်းမှာ ဟင်္သာတမြို့နယ် နိဗ္မာန်ရဲစခန်းမှ ထိုက်သူဦး ဆိုသူဖြစ်ကြောင်း ဒုရဲမှူး အောင်နိုင်မိုးက ပြောသည်။

  ဟင်္သာတမြို့တွင် စားသောက်ဆိုင်နှင့် တွဲလျက်ဖွင့်ထားသော KTV ဆိုင် (ဂေါက်ကလပ်၊ ချမ်းသာ၊Golden Key၊Royal Garden) လေးဆိုင် ရှိသည်။

 အဆိုပါရဲဝန်ထမ်းကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ် မ(၃၂၄) ဖြင့်လည်း ဟင်္သာတမြို့ အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

The Messenger Media
http://messengernewsjournal.com
KTV ဆိုင်မန်နေဂျာအား ဓားဖြင့်ထိုးသော ရဲဝန်ထမ်းကို အရေးယူ  KTV ဆိုင်မန်နေဂျာအား ဓားဖြင့်ထိုးသော ရဲဝန်ထမ်းကို အရေးယူ Reviewed by THITHTOOLWIN on 22:41 Rating: 5
Powered by Blogger.