IS လက်ထဲက Baiji မြို့ကို ပြန်သိမ်းနိုင်ပြီလို့ အီရတ်ဆို

ရှီုရိုက် စစ်သားတွေ IS ကို ရော့ကက်တွေနဲ့ တိုက်ခိုက်စဉ် (Credit: Reuters) 
အီရတ်နိုင်ငံ ​မြောက်ပိုင်း ​Baiji ​ကို ​IS ​အဖွဲ့ရဲ့ ​လက်ထဲကနေ ​ပြန်လည်သိမ်းပိုက်နိုင်နေပြီလို့ ​အီရတ်စစ်တပ်က ​ပြောပါတယ်။

Baiji ​မြို့ ​နေရာ ​၉၀% ​ကို ​ပြန်လည် ​ရရှိနေတာဖြစ်ပြီး ​အဲဒီမြို့နားက ​ရေနံသန့်စင်ရေးစက်ရုံ ​တဝိုက်ကိုတော့ ​ရက်ပိုင်းအတွင်း ​ပြန်လည် ​ရရှိနိုင်မယ်လို့လည်း ​ပြောလိုက်ပါတယ်။

အဲဒီမြို့ကို ​IS ​အဖွဲ့က ​အရင်နှစ်တုန်းက ​ရှောင်တခင် ​ဝင်တိုက်ပြီး ​သိမ်းပိုက်ခဲ့တာ ​ဖြစ်ပါတယ်။ ​အဲဒီမြို့က ​ရေနံသန့်စင်စက်ရုံဟာ ​အီရတ်နိုင်ငံရဲ့ ​အကြီးမားဆုံး ​ရေနံသန့်စင်ရုံ ​ဖြစ်ပေမယ့် ​အခုအခါမှာတော့ ​တိုက်ပွဲဖြစ်ရာ ​ဒေသ ​ဖြစ်နေပါတယ်။

အီရတ် ​စစ်တပ်နဲ့ ​ရှီရိုက် ​စစ်သားတွေက ​ပူးပေါင်းပြီး ​IS ​ကို ​တိုက်ထုတ်နေတာ ​ဖြစ်ပါတယ်။

အဲဒီမြို့ကို ​ပြန်သိမ်းပိုက်နိုင်ရင်တော့ ​Mosul ​မြို့ကိုလည်း ​IS ​ရဲ့ ​လက်ထဲကနေ ​ပြန်တိုက်ယူနိုင်ဖို့ ​အလားအလာ ​ရှိလာနိုင်ပါတယ်။

ရေနံသန့်စင်ရေးစက်ရုံက ​ရေနံစိမ်း ​သိုလှောင်ရေးကန်တွေ၊ ​ပိုက်လိုင်းတွေ ​လုံးဝပျက်စီးနေသလို ​သဘာဝ ​ဓာတ်ငွေ့ ​သိုလှောင်ရေးနေရာနဲ့ ​စွမ်းအင်တွေ ​ဖြန့်ဖြူးတဲ့ ​စက်တွေလည်း ​ပျက်စီးနေတယ်လို့ ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS လက်ထဲက Baiji မြို့ကို ပြန်သိမ်းနိုင်ပြီလို့ အီရတ်ဆို IS လက်ထဲက Baiji မြို့ကို ပြန်သိမ်းနိုင်ပြီလို့ အီရတ်ဆို Reviewed by သစ်ထူးလွင် on 09:53 Rating: 5
Powered by Blogger.