မြန်မာ့ စီးပွားရေး ကျနိုင်တယ်လို့ IMF သုံးသပ်

ရင်းနှီး မြှုပ်နှံမှုတွေ မရှိရင် စီးပွားရေး မတိုးတက် နိုင်ဘူးလို့ဆို 
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်း နိုင်တဲ့ အန္တရာယ်မျိုး ရှိနေတယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိ IMF ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာရောက် လေ့လာမှုအရ တွေ့ရှိချက်တွေကို ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှု၊ ကျပ်ငွေ တန်ဖိုး ကျဆင်းလာမှုတွေ အပါဝင် ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှု နည်းလာတဲ့ အခြေနေတွေ အပေါ် တွေ့မြင်ချက်တွေကို သုံးသပ် တင်ပြထားပါတယ်။

လာမယ့် ရွေးကောက်ပွဲလွန် ကာလမှာ ဖြစ်လာနိုင်တဲ့ အခြေ အနေတွေကို စောင့်ကြည့်လိုကြတဲ့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ တန့်သွားခဲ့တယ်လို့ ပြည်တွင်းက စီးပွားရေး ပညာရှင် ဦးလှမောင်လည်း သုံးသပ် ပြောဆိုပါတယ်။

ဒါ့အပြင် ကန့်သတ်ချက်တွေ များနေတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေကို အချိန်မီ မပြင်တာကြောင့်လည်း ပါတယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာက စီးပွားရေး ကျဆင်းစေနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနေတယ်လို့လည်း ဦးလှမောင်က ပြောပါတယ်။

လောလောဆယ် ဘတ်ဂျက် လိုငွေပြနေတာ၊ ပြည်ပပို့ကုန် ဝင်ငွေနည်းပါးတာ၊ ငွေကြေး ဖောင်းပွတာနဲ့ ကုန်ဈေးနှုန်း တက်တာတွေ ဖြစ်နေတာဟာလည်း စီးပွားရေး ကျဆင်းစေနိုင်တဲ့ အခြေအနေတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြန်မာ့ စီးပွားရေး ကျနိုင်တယ်လို့ IMF သုံးသပ်  မြန်မာ့ စီးပွားရေး ကျနိုင်တယ်လို့ IMF သုံးသပ် Reviewed by သစ်ထူးလွင် on 03:04 Rating: 5
Powered by Blogger.