မြန်မာတပ်မတော်သားနှစ်ဦးကို ရက္ခိုင့်တပ်မတော်မှ ICRC သို့လွှဲပြောင်း

( ဓာတ်ပုံထဲရှိ ၀ဲနှင့် ယာရှိ သူနှစ်ဦးမှာ တပ်မတော်သားများဖြစ်ကြပါသည်။ )
ရန်ကုန်၊ ဇူလှိုင် ၁၄

 ရက္ခိုင့်တပ်မတော်မှ ဖမ်းမိထားသော မြန်မာတပ်မတော်မှ တပ်သားနှစ်ဦးကို ယနေ့ ဇူလှိုင်လ ၁၄ ရက်နေ့တွင် နိုင်ငံတကာ ကြက်ခြေနီး ကော်မတီ ( ICRC) သို့ လွှဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

လွှဲပြောင်းလိုက်သော မြန်မာတပ်တော်မှ နှစ်ဦးမှာ ဒုတပ်ကြပ် နိုင်ထွန်းနဲ့ တပ်သား ခင်ဇော်လတ်တို့ဖြစ်ကြသည်။

ယင်းလွဲပြောင်ပွဲကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရွာတော်မြို့တွင် လွှဲပြောင်းပေးခြင်း ဖြစ်ပြီး ICRC မှ တာဝန်ရှိသူ သုံးဦးတက်ရောက်ခဲ့သည်ဟု ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် အကြံပေး ပုဂ္ဂိုလ် ဦးရန်နိုင်စိုးက ပြောသည်။

“ ဂျပန် အမျိုးသမီး တစ်ယောက်ရယ်၊ လက်ထောက်တာဝန်ခံ မစ္စတာဂျွန်ရယ်၊ နောက်တစ်ဦးတက်ပါတယ်။ အဓိကတော့ သူတို့ကို ဒီက လွှဲပြောင်းပီးရင် မြန်မာနိုင်ငံကိုလွှဲပြောင်းမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ပြန်လက်မခံဘူးဆိုရင် ကျန်တဲ့ နိုင်ငံတစ်ခုခုကို ပို့ဆောင်မယ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။

ဒုတပ်ကြပ် နိုင်ထွန်းအား နိရဉ္စရာက ဆက်သွယ်မေးမြန်းရာ ကျန်းမာရေးကောင်းမွန်ကြောင်း၊ လိုအပ်သည်များကို ကူညီစောင့်ရှောက်ကြပါကြောင်း၊ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်ရှိ မိဘများအနေဖြင့် သူ့အတွက် စိတ်ပူပင်စရာ မလိုကြောင်း အမှာပါးလိုသည်ဟု ပြောကြားသည်။

မြန်မာတပ်မတော်သားနှစ်ဦးသည် ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ တစ်ခုတွင် ရက္ခိုင့်တပ်မတော်မှ လက်နက်များနှင့် အတူ ဖမ်းဆီးမိသွားခဲ့သည်။

Narinjara
https://www.facebook.com/pages/Narinjara

မြန်မာတပ်မတော်သားနှစ်ဦးကို ရက္ခိုင့်တပ်မတော်မှ ICRC သို့လွှဲပြောင်း  မြန်မာတပ်မတော်သားနှစ်ဦးကို ရက္ခိုင့်တပ်မတော်မှ ICRC သို့လွှဲပြောင်း Reviewed by သစ်ထူးလွင် on 17:29 Rating: 5
Powered by Blogger.