နီပေါ Gadhimai နတ်ဘုရားမပူဇော်ပွဲတော် တိရိစ္ဆာန်​ကောင်ရေတစ်သိန်း ယဇ်​ပူ​ဇော်သော ရက်စက်ကြမ်းကြုတ်သောမြင်ကွင်း


  ဗြိတိန်​သတင်းဌာန ဇူလိုင်​လ ၂၉ရက်​တင်​ပြချက်​အရ- နှစ်​ရက်​တာကျင်း ပ​သော Gadhimaiဟု​ခေါ်​သော နတ်​ဘုရားမပွဲ​တော်​ကို ကမ္ဘာ​ပေါ်ရှိအကြီးမားဆုံး​သော တိရိစ္ဆာန်​ယဇ်​ပူ​ဇော်​ပွဲအ​နေဖြင့်​ကျင်းပခဲ့သည်​။ နီ​ပေါတွင်​ ၅နှစ်​တစ်​ကြိမ်ကျင်းပ​သော အဆိုပါပွဲ​တော်​ချိန်​တွင်​ တိရိစ္ဆာန်​​ပေါင်း​ကောင်​​ရေ တစ်​သိန်းခန့်စ​တေးခံ သတ်​ဖြတ်​ခံကြရပြီး သိန်းဆယ်​နှင့်ချီ​သောလူများကလည်း ဝိုင်းအုံကြည့်​ရှုကြသည်​။ ​ရှေ့တစ်​ကြိမ်​ နတ်​ဘုရားမပူ​ဇော်​ပွဲကို ၂၀၁၄တွင်​ကျင်းပခဲ့သည်။ ယခုအကြိမ်ပွဲ​တော်​မှ ဓာတ်​ပုံများမှာ သည် မကြာမီကထွက်​​ပေါ်လာရခြင်းဖြစ်​သည်​။


၂၀၁၄ခုနှစ်​တွင်​ ယဇ်​ပူ​ဇော်​ခံရ​သော တိရိစ္ဆာန်​​ပေါင်း ၂သိန်းခွဲ ရှိခဲ့ပြီး ၂၀၀၉ခုနှစ်​တွင်​ အသတ်​ခံရ​သောတိရိစ္ဆာန်​များတွင်​ ကျွဲ၊ ​တောင်​ဆိတ်​ နှင့် ကြက်​များပါဝင်​ပြီး စုစု​ပေါင်း​ကောင်​​ရေမှာ ၅သိန်းရှိပြီး လူ​ပေါင်း သိန်း၅၀​ကျော်​ခန့် ဂိုင်းအုံကြည့်ရှုကြကာ ထိုသူများ၏ ၈၀%​ကျော်​မှာ အိန္ဒိယမှဖြစ်​သည်​ဟုလည်းသိရသည်​။


Gadhimaiနတ်​ဘုရားမကို လွန်​ခဲ့​သောနှစ်​​ပေါင်း ၂၆၅နှစ်​ကစတင်​ကာ ကိုးကွယ်​လာကြခြင်းဖြစ်​သည်​။ အိန္ဒိယဒဏ္ဍာရီပုံပြင်​များမှတ်​တမ်းများအရ ယင်းအချိန်​တုန်းက ပ​ဒေသရာဇ်​​မြေပိုင်​ရှင်​ကြီးတစ်​ဦးမှ Gadhimai နတ်​ဘုရားမကို လူဖြင့်ယဇ်​ပူ​ဇော်​ပါက သူ့အ​နေဖြင့် ကမ္ဘာ​ပေါ်တွင်​ကြုံ​တွေ့​နေရ​သောအခက်​အခဲအားလုံးကို ​ဖြေရှင်း​ပေးနိုင်​မည်​ဟု အိပ်​မက်​​မက်ခဲ့သည်​။ သို့​သော်​သူသည်​ တိရိစ္ဆာန်​များဖြင့်​ယဇ်​ပူ​ဇော်​ခြင်းကို​ရွေးချယ်​ခဲ့ပြီး ယခုလက်​ရှိအချိန်​ထိဤရိုးရာအစဉ်​အလာအား ထိန်းသိမ်းလာခဲ့ခြင်းဖြစ်​သည်​။


ထိုနတ်​ဘုရားမပွဲ​တော်​တွင်​ မနက်​​ဝေလီ​ဝေလင်းအချိန်​မှစ၍ ပွဲ​တော်​ပြီးဆုံးသည်​အထိ ​ထောင်​​ပေါင်းများစွာ​သော တိရိစ္ဆာန်​များ၏အ​လောင်းများ ​ခေါင်းများ သည်​နတ်​ဘုရားမ​ကျောင်း​ဆောင်​အပြင်​ဘက်​ မြက်​ခင်းပြင်​​ပေါ်တွင်​ ပြည့်နှက်​​နေ​လေသည်​။

နီ​ပေါ​ဘာသာရေးခေါင်းဆောင်က ယခုကဲ့ရာစုနှစ်​​ပေါင်းများစွာ ကြာမြင့်စွာစွဲမြဲ လုပ်​​ဆောင်​ခဲ့​သောပူ​ဇော်​ပွဲကို ယခုအကြိမ်အပြီးတွင် အဆုံးသတ်ရန်ဆုံးဖြတ်ထားသည်။ ဒါ့ကြောင့် ၂၀၁၉ခုနှစ်​ ပူ​ဇော်​ပွဲတွင်​​သွေး​မြေထပ်​မကျ​နိုင်တော့ဟု ခန့်မှန်းရသည်​။

china.com Myanmar
http://myanmar.china.com
နီပေါ Gadhimai နတ်ဘုရားမပူဇော်ပွဲတော် တိရိစ္ဆာန်​ကောင်ရေတစ်သိန်း ယဇ်​ပူ​ဇော်သော ရက်စက်ကြမ်းကြုတ်သောမြင်ကွင်း   နီပေါ Gadhimai နတ်ဘုရားမပူဇော်ပွဲတော် တိရိစ္ဆာန်​ကောင်ရေတစ်သိန်း ယဇ်​ပူ​ဇော်သော ရက်စက်ကြမ်းကြုတ်သောမြင်ကွင်း Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.