ရွှေပြည်တော် Express အမြန်လမ်းမှာ တိမ်းမှောက်

မိုင်တိုင် ၈၄/၂ နှင့် ၃ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား
(၇-၇-၂၀၁၅)ရက်နေ့ နံနက်(၀၁း၀၀)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၈၄/၂ နှင့် ၈၄/၃ ကြား (အသွားလမ်း)၌ ဦးရဲလင်းနောင် မောင်းနှင်လာသည့် ယာဉ်အမှတ် 2J/xxxx ရွှေပြည်တော် Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းရှိ Road Curb တုံးများအား တိုက်မိပြီး လမ်းလယ်ကျွန်းရေမြောင်းကို ကျော်ကာ အပြန်လမ်းရှိ Road Curb တုံးများအား ထပ်မံတိုက်မိကာ တစ်စောင်းအနေအထား တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။


ယာဉ်ပေါ်တွင် - ကျား(၆)ဦး၊ မ(၆)ဦး၊ စုစုပေါင်း (၁၂)ဦး လိုက်ပါလာပြီး ကျား(၃)ဦးနှင့် မ(၄)ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပါသည်။

ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါ ယာဉ်မတော်တဆမှုကို မြို့ချောင်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက် ရှိပါသည်။

Ministry of Construction
https://www.facebook.com/MinistryofConstruction



ရွှေပြည်တော် Express အမြန်လမ်းမှာ တိမ်းမှောက်  ရွှေပြည်တော် Express အမြန်လမ်းမှာ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 15:27 Rating: 5
Powered by Blogger.