လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့

လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကို ထိုင်းရဲတွေ စစ်ဆေးစဉ် (Credit: AFP) 
ထိုင်းနိုင်ငံ ​လိပ်ကျွန်းမှာ ​ဖြစ်ခဲ့တဲ့ ​လူသတ်မှုနဲ့ ​ပတ်သက်တဲ့ ​DNA ​အထောက်အထားတွေကို ​ပြန်လည် ​စစ်ဆေးလို့ ​မရတော့ဘူးလို့ ​သိရပါတယ်။

မြန်မာနိုင်ငံသား ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့ဟာ ​ဗြိတိန်နိုင်ငံသား ​David ​Miller ​နဲ့ ​Hannah ​Witheridge ​တို့ကို ​သတ်ပစ်မှုနဲ့ ​တရားစွဲဆိုခံထားရပါတယ်။

ထိုင်းရဲတွေကတော့ ​မုဒိမ်းကျင့်ခံရတဲ့ ​Hannah ​Witheridge ​ရဲ့ ​ကိုယ်ခန္စာမှာ ​တွေ့ခဲ့တဲ့ ​DNA ​အထောက်အထားအရ ​မြန်မာနိုင်ငံသား ​နှစ်ဦးက ​တရားခံ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အဲဒီလို ​အရေးကြီးတဲ့ ​DNA ​ကို ​သီးသန့်လွတ်လပ်စွာ ​ထပ်မံ ​စစ်ဆေးခွင့်ရဖို့ ​မြန်မာနှစ်ဦးကို ​ကိုယ်စားပြုတဲ့ ​ရှေ့နေအဖွဲ့က ​ကြိုးစားတဲ့အခါ ​ထိုင်းတရားရုံးက ​စစ်ဆေးခွင့် ​ပေးခဲ့ပေမယ့် ​စစ်ဆေးလို့ ​မရတော့တဲ့ ​အခြေအနေမှာ ​ရောက်သွားပြီလို့ ​သိရပါတယ်။

မြန်မာနှစ်ဦးကို ​ကိုယ်စားပြုတဲ့ ​ရှေ့နေ ​Nakhon ​Chomphuchart ​ကတော့ ​တချို့ ​ပစ္စည်းတွေကိုသာ ​စစ်ဆေးခွင့်ရပြီး ​အရေးကြီးတဲ့ ​ပစ္စည်းတချို့ကိုတော့ ​DNA ​စစ်လို့မရတော့ဘူးလို့ ​တနင်္ဂနွေနေ့က ​အေအက်ဖ်ပီကို ​ပြောပြခဲ့ပါတယ်။

ထိုင်းပြည်သူနဲ့ ​မြန်မာကို ​ကိုယ်စားပြုတဲ့ ​ရှေ့နေတွေကတော့ ​မှုခင်းဖြစ်တဲ့ ​နေရာကို ​ရဲတွေက ​တားဆီးမှုတွေ ​မလုပ်သလို၊ ​ကျန်းမာရေး ​ပညာရှင်တွေကိုလည်း ​အလောင်းတွေ ​တွေ့ပြီး ​နာရီပေါင်း ​များစွာကြာမှ ​ခေါ်တဲ့အပေါ် ​ဝေဖန်နေကြပါတယ်။

တရားခံရှာဖို့ ​ဖိအားပေးခံရတဲ့ ​ထိုင်းရဲတွေဟာ ​အလွယ်နည်းနဲ့ ​မြန်မာနိုင်ငံသားတွေကို ​ဓားစာခံ ​လုပ်လိုက်တာ ​ဖြစ်မယ်လို့ ​ယူဆနေကြပါတယ်။

ဒီအမှုက ​အောက်တိုဘာလမှာ ​ပြီးဆုံးမယ်လို့ ​မျှော်လင့်ရပြီး ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့မှာ ​အပြစ်ရှိကြောင်း ​တွေ့ရှိရင်တော့ ​သေဒဏ် ​ချမှတ်ခံရနိုင်ပါတယ်။

ဇူလိုင်လ ​၂၂ ​ရက်နေ့ကျရင် ​တရားရုံးမှာ ​ထပ်မံ ​အမှုကြားနာဖို့ ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့ လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့ Reviewed by သစ်ထူးလွင် on 15:31 Rating: 5
Powered by Blogger.