မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် DKBA နှင့်မြန်မာစစ်တပ် ထိပ်တိုက်ပစ်ခတ်မှု

ယနေ့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တပ်များ အာရှလမ်းသစ်ပေါ်တွင် နေရာယူထားသည့် မြင်ကွင်း။
ဇူလိုင် - ၂ - ၂၀၁၅

ဒီနေ့အာရှလမ်းသစ်အနီးမှာ ဖြစ်ပွဲခဲ့တဲ့ တိုက်ခိုက်မှုကို မြန်မာစစ်တပ် ခမရ ၂၃၁ က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး DKBA အဖွဲ့ကိုဦးဆောင်နေတဲ့ ဗိုလ်မှူးကြီးဆန်းအောင်က မီဒီယာသမားတွေကို ပြောဆိုပါတယ်။

၎င်းက" ဒီနေ့မနက် ၅ နာရီ မီးနစ် ၂၀ လောက်မှာ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးတွေနဲ့ စတင်ဖြစ်ခတ်ခဲ့တဲ့အတွက် ကျနော်တို့ဘက်က ပြန်ပစ်ရတာဖြစ်တယ် " ဟု ပြောသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲံသည်နေရာမှာ အာရှလမ်းသစ်အနီးရှိ တတံမူးနှင့် ရွားသစ်ကုန်းရွာကြားတွင်ဖြစ်ပြီး ယနေ့ညနေ ၅ နာရီကျော်အချိန်ထိ နှသ်ဖက်တပ်များ အာရှလမ်းသစ်ပေါ်တွင် အနီးကပ်နေရာယူထားကာ အခြေအနေမှာတင်းမာနေဆဲဖြစ်သည်။

ပစ်ခတ်မှုတွင် ဒီကေဘီအေတပ်ဖွဲ့ဝင် ၃ ဦး ဓဏ်ရာရှိခဲ့သည်ဟု ဗိုလ်မှူးကြီးဆန်းအောင်က အတည်ပြု ပြောဆိုခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် DKBA နှင့်မြန်မာစစ်တပ် ထိပ်တိုက်ပစ်ခတ်မှု  မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် DKBA နှင့်မြန်မာစစ်တပ် ထိပ်တိုက်ပစ်ခတ်မှု Reviewed by သစ်ထူးလွင် on 17:48 Rating: 5
Powered by Blogger.