ဘူရွန်ဒီ ရွေးကောက်ပွဲမတိုင်မီ ပစ်ခတ်သံတွေ ထွက်ပေါ်


 အာဖရိက အရှေ့ဘက်က ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီမှာတော့ မလိုလား ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အငြင်းပွားဖွယ် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ နာရီအနည်းငယ်အလိုမှာပဲ မြို့တော် Bujumbura မှာ ပေါက်ကွဲသံတွေ သေနတ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘယ်သူ ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ အစိုးရကတော့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်ချင်သူတွေရဲ့ လက်ချက်လို့ ပြောဆိုနေပါတယ်။

လက်ရှိသမ္မတ Pierre Nkurunziza အနေနဲ့ တတိယမြောက် သက်တန်းအတွက် ၀င်ရောက်အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း ဘူရွန်ဒီ နိုင်ငံမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ရုံမက စစ်အာဏာသိမ်းဖို့ ကြိုးစားတဲ့အထိ ဖြစ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

သမ္မတအနေနဲ့ သက်တန်း နှစ်ခါသာ သမ္မတအဖြစ် ၀င်ရောက်အရွေးခံခွင့်ရှိပြီး သမ္မတ Pierre Nkurunziza အနေနဲ့ အခုလို တတိယအကြိမ်မြောက် ၀င်ရောက်အရွေးခံတာဟာ အခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်တယ်ဆိုပြီး အတိုက်အခံတွေဘက်က ရှုတ်ချပြောဆိုနေကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဘူရွန်ဒီ ရွေးကောက်ပွဲမတိုင်မီ ပစ်ခတ်သံတွေ ထွက်ပေါ်  ဘူရွန်ဒီ ရွေးကောက်ပွဲမတိုင်မီ ပစ်ခတ်သံတွေ ထွက်ပေါ် Reviewed by THITHTOOLWIN on 15:28 Rating: 5
Powered by Blogger.