ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ရှိ ရှေးဟောင်းအမွေအနှစ် ခံတပ်တစ်ခုမှာ ဗုံးပေါက်ကွဲလို့ ခံတပ်ရဲ့ နံရံ တစိတ်တပိုင်း ပြိုကျသွားပါတယ်။
ခံတပ်အောက်က မြေအောက် လိုဏ်ခေါင်းထဲမှာ ဗုံးကွဲခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားအစိုးရလက်ချက်လား သူပုန်တွေရဲ့ လက်ချက်လားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆီရီးယားအရေး လှုပ်ရှားသူတစ်ဦးကတော့ အဲဒီနေရာဟာ ရှေးဟောင်းနေရာ တစ်ခုအဖြစ် မရှိတော့ဘဲ စစ်ရေးနေရာတစ်ခုအဖြစ် ကျရောက်နေခဲ့ရတယ်လို့ ဆိုပါတယ်။
ဆီးရီးယား အစိုးရတပ်က အဲဒီနေရာကနေ ထိုးစစ်တွေ ဆင်နေသလို ပတ်ဝန်းကျင်ဒေသတွေဟာလည်း သူပုန်ထိန်းချုပ်နယ်မြေတွေ ဖြစ်နေပါတယ်လို့ ပြောပါတယ်။
အဲဒီခံတပ်ဟာ ယူနက်စကိုအသိအမှတ်ပြုရာ ယဉ်ကျေးမှု အမွေအနှစ်နေရာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ဗုံးဒဏ်ကြောင့် ရှေးဟောင်းခံတပ် ပျက်စီး
Reviewed by သစ်ထူးလွင်
on
15:38
Rating: