ကိုးကန့်ဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည်


 မြန်မာနိုင်ငံတွင်း နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းရှိ တိုက်ပွဲများ ထိခိုက်ခံထားရသည့် ကိုးကန့်ဒေသအား ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုလိုက်သည် ဟု ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အရ သိရသည်။

မြန်မာအစိုးရတပ်များနှင့် မြန်မာ နိုင်ငံအမျိုးသား ဒီမိုကရက်တစ်တပ် ပေါင်းစု (MNDAA) တို့အကြား ဖေဖော်ဝါရီလ ၉ ရက်တွင် ပြင်းထန်သည့် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အစိုးရကအခြေအနေကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေခဲ့ပြီးဖြစ်သည့် ကိုးကန့်ဒေသတွင် ကော်မရှင်က မဲပေးသူစာရင်းများ ပြု စုနေသည်ဟု ၂၀၁၅ အထွေထွေရွေး ကောက်ပွဲဆိုင်ရာ စာနယ်ဇင်းညီလာခံတွင် ဦးတင်အေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေသ၏ အကျိုးစီးပွားအတွက် ထမ်းဆောင်နိုင်သည့် ကိုယ်စားလှယ်များ ရွေးချယ်ထားပြီးဖြစ်ဖို့ မရှိမဖြစ်လိုကြောင်း ဦးတင်အေးက အထူးပြုပြော ဆိုသွားခဲ့သည်။ သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၀ဒေသများတွင် ရွေးကောက်ပွဲများကျင်းပရန်မူ ရှင်း ရှင်းလင်းလင်းမရှိသေးကြောင်း သူက ပြောကြားသွားခဲ့ပြီး တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲများကျင်းပ နိုင်ရန် ကော်မရှင်အနေဖြင့် ဖြစ်နိုင်သမျှ အကောင်းဆုံးကြိုးစားသွားမည် ဟု ထပ်လောင်းပြောဆိုသွားခဲ့သည်။

သဘာဝဘေးအန္တရာယ် သို့မဟုတ် ဒေသတွင်း လုံခြုံရေးအခြေအနေကြောင့် လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲမကျင်းပနိုင်ပါက အချို့သော မဲဆန္ဒနယ်များတွင် မဲပေးမှု ရွှေ့ဆိုင်းလိမ့်မည်ဟု သူကဆိုသည်။

တစ်ချိန်တည်းမှာပင် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မည်သည့်လွှတ်တော်အမျိုးအစားနှင့် မည်သည့်မဲဆန္ဒနယ်တွင်ယှဉ်ပြိုင်မည် စသည့် အသီးသီးသော ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်လောင်းများစာရင်းကို ဇူလိုင် ၂၀ မှ ဩဂုတ်လ ၈ ရက်အတွင်း တင်သွင်းရန် ကော်မရှင်က နိုင်ငံရေးပါတီများအား တိုက်တွန်း ပြောကြားခဲ့သည်။ စိစစ်မှုများ ဆောင်ရွက်ပြီးနောက် အဆိုပါကိုယ်စားလှယ် လောင်းများကိုကော်မရှင်က အတည်ပြုမည်ဖြစ်သည်။

ကော်မရှင်၏ အဆိုအရ မြန်မာ နိုင်ငံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံ ရေးပါတီပေါင်း ၈၈ ပါတီရှိနေပြီး ပါတီတစ်ခုစီသည် အနည်းဆုံးမဲဆန္ဒနယ် ၃ ခုတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကိုးကန့်ဒေသတွင် ရွေးကောက်ပွဲ ပြုလုပ်ပါက အာဏာရပါတီ ပြည်ခိုင်ဖြိုး၊ ကျားခေါင်းပါတီ SNLD နှင့် ကျားဖြူပါတီတို့က ဝင်ရောက်ယှဉ်ပြိုင် လိမ့်မည်ဟု ယူဆရသော်လည်း ကိုးကန့်များသည် တရုတ်ဟန်လူမျိုးများ ဖြစ်သဖြင့် ရှမ်းဘာသာစကား ယဉ် ကျေးမှုတို့နှင့် မသက်ဆိုင်ဘဲ သီးသန့်တည်ရှိနေကြောင်း ဒေသခံများက The Ladies သို့ ပြောကြားခဲ့သည်။

The Ladies News Journal
https://www.facebook.com/News.TheLadies
ကိုးကန့်ဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည်  ကိုးကန့်ဒေသတွင် ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မည် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.