ချင်း ၁၂ ပါတီ ညီညွတ်စွာ ယှဉ်ပြိုင်ရေး ညှိနှိုင်းဆွေးနွေး

 ချင်းတိုင်းရင်းသားပါတီ ၁၂ ပါတီကခေါင်းဆောင်တွေ ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ၂ ရက်ကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့စဉ် Photo: Aung Thain Kha/RFA
 ချင်းတိုင်းရင်းသားပါတီ ၁၂ ပါတီက လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က မဲဆန္ဒနယ် ၄၂ ခုမှာ ညှိနှိုင်းပြီး ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပါတီခေါင်းဆောင်တွေက ဒီနေ့ ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ချင်းနိုင်ငံရေးပါတီတွေရဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးရှိန်းထွန်းက အခုလိုပြောပါတယ်။

"ချင်းပြည်နယ် ၉ မြို့နယ်လုံးမှာတော့ အားလုံးပေါင်းတော့ ၃၉ နေရာရှိတယ်၊ အဲ့ဒီကနေ ချင်းပြည်နယ်ပြင်ပ စစ်ကိုင်းတိုင်း ကျနော်တို့ ဝင်ရွေးမှာပါ"

ချင်းတိုင်းရင်းသားပါတီ မျက်နှာစုံညီတွေ့ဆုံပွဲကို ချင်းပါတီ ၁၂ ပါတီထဲက ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖံွ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖံွ့ဖြိုးရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ စတဲ့ပါတီ ၁၁ ခုက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကတော့ ပါတီညီလာခံရှိနေတဲ့အတွက် တွေ့ဆုံပွဲကို မတက်ရောက်နိုင်ခဲ့ပါဘူး။

တွေ့ဆုံပွဲမှာ ချင်းတိုင်းရင်းသားပါတီတွေအကြား လာမယ့်ရွေးကောက်ပွဲမှာ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက် ဖို့် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
ချင်း ၁၂ ပါတီ ညီညွတ်စွာ ယှဉ်ပြိုင်ရေး ညှိနှိုင်းဆွေးနွေး  ချင်း ၁၂ ပါတီ ညီညွတ်စွာ ယှဉ်ပြိုင်ရေး ညှိနှိုင်းဆွေးနွေး Reviewed by THITHTOOLWIN on 04:22 Rating: 5
Powered by Blogger.