စိတ်ဖောက်သည့် ညီက ဓားဖြင့်ခုတ်၍ အကို သေဆုံး


အုတ်တွင်း ဇူလိုင် ၁၅

 ဇူလိုင် ၁၃ ရက် နံနက် ၃ နာရီခန့်က တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု တော်ဝင် ကုန်းကျေးရွာရှိ နာရေးနေအိမ်ကို ရောက်ရှိလာသော အစ်ကိုဖြစ်သူသည် အိပ်ပျော်နေခိုက် အရက်ကြောင်ကြောင် နေသည့်ညီဖြစ်သူက ဓားဖြင့်ခုတ်၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၃ နာရီက စိုးလှိုင်၏ ညီတော်သူ မင်းလတ်၏ နာရေးကိစ္စကို ကူညီဆောင်ရွက် ရန် အစ်ကိုကြီးဖြစ်သူ တင်စိုး(၄၉နှစ်) ရေကျော်ကျေးရွာ ထန်းတပင်မြို့နယ်၌ နေထိုင်သူက ရောက်ရှိလာပြီး နေအိမ် ပေါ်ရှိ အလောင်းစင်နား၌ အိပ်ပျော်နေခဲ့သည်။ ထိုအချိန် ညီတော်သူ စိုးလှိုင်မှာ စိတ်ဖောက်ပြီး အော်ကာ ဦးချွန်ပါဓားဖြင့် တင်စိုးအားခုတ်ခဲ့သဖြင့် ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့၍ အုတ်တွင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စိတ်ဖောက်သည့် ညီက ဓားဖြင့်ခုတ်၍ အကို သေဆုံး  စိတ်ဖောက်သည့် ညီက ဓားဖြင့်ခုတ်၍ အကို သေဆုံး Reviewed by သစ်ထူးလွင် on 06:02 Rating: 5
Powered by Blogger.