လိုအပ်ပါက အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ရန်ရှိသည်ဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို


 ဇူလိုင် - ၁၇ - ၂၀၁၅

 နှစ်ဖက်သဘောတူညီချက်တရပ်ကို အခြေခံ၍ (ဒီကေဘီအေ) တပ်များ အာရှလမ်းသစ်နှင့် လမ်းဟောင်းတို့မှ ဆုတ်ခွာခဲ့ပြီးဖြစ်သေည်လည်း မြန်မာစစ်တပ်ဘက်က လိုက်လံတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လာမည်ဆိုပါက မြ၀တီ - ကော့ကရိတ် အာရှလမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲကို တိုက်ခိုက်မှုများပြုလုပ်မည်ဟု (ဒီကေဘီအေ) က ပြောဆိုလိုက်သည်။

ကလို့ထူးဘောအခြေချစစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က" ကျနော်တို့ကိုဆက်လက်ပြီးတော့ လိုက်လံတိုက်ခိုက်တာတွေလုပ်အုံးမယ်ဆိုရင်တော့ အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ဘို့ အဆင်သင့်ရှိပါတယ်" ဟု ပြည်တွင်းပြည်ပ သတင်းဌာနများကို ယမန်နေ့က ပြောဆိုခဲ့သည်။

နှစ်ဖက်ပဋိပက္ခများ အမြန်ဆုံးရပ်ဆိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တာဝန်ရှိသူများက ညှိနှိုင်းမှုများ လိုက်လံဆောင်ရွက်ပေးလျှက်ရှိသည်ဟု တာဝန်ရှိသူတဦးက ပြောဆိုသည်။

ယခုလ ၂ ရက်နေ့မှစတင်ခဲ့သည့် နှစ်ဖက်ပဋိပက္ခများ ရပ်ဆိုင်းခဲ့သည်မှာ ယနေ့ဆိုလျှင် ၃ ရက်ရှိသွားပြီးဖြစ်သော်လည်း စိတ်ချရသည့် အနေအထားများမရှိသေးဟု ဒေသခံများကပြောဆိုကြသည်။

ပုံစာ - ဗိုလ်မှူးကြီးစောဆန်းအောင်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen
လိုအပ်ပါက အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ရန်ရှိသည်ဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို  လိုအပ်ပါက အာရှလမ်းသစ်ဖွင့်ပွဲကို တိုက်ခိုက်ရန်ရှိသည်ဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.