ကိုယ့်အမျိုးသားချင်း စစ်ခင်းရမည်ကို လွန်စွာစိတ်ပျက်မိသည်ဟု ဗိုလ်မှူးချုပ်ကျော်သက်ပြောဆို

ဗိုလ်မှူးချုပ်ကျော်သက်။
ဇူလိုင် - ၁၂ - ၂၀၁၅

 လက်ရှိအနေအထားများအရ ကိုယ့်အမျိုးသားခြင်း စစ်ခင်းရမည့် အခြေအနေများ မလွဲမရှောင်သာ ဖြစ်ပွားနိုင်သည့်အတွက် လွန်စွာ စိတ်ပျက်မိသည်ဟု (ဒီကေဘီအေ) တပ်မှူးကြီး ဗိုလ်မှူးချုပ်ကျော်သက်က ယနေ့ညနေပိုင်းတွင် ပြောဆိုသည်။

လက်ရှိ၎င်းတို့ တပ်စွဲထားသည့်နေရာကို မြန်မာစစ်တပ်က အလုံအရင်းနှင့် ထိုးစစ်ဆင် ပိတ်ဆို့မှုများ ပြုလုပ်ရာတွင် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် (BGF) တပ်များ အဓိကနေရာမှ ပူးတွဲပါဝင်နေသဖြင့် စစ်ရေးတင်းမာမှုများ ဆိုရွားစွာဖြစ်ပေါ်ခဲ့ပါက အချင်းချင်းပြန်တိုက်ရမည့် အနေအထားများ ရှိနေသောကြောင့် လွန်စွာစိတ်ပျက်မိသည်ဟု ပြောဆိုခြင်းဖြစ်သည်။

(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်ဖက်မှ ၎င်းတို့အဖွဲ့အား မြ၀တီ - ကော့ကရိတ်ကားလမ်းပေါ်မှ ဖယ်ရှားပေးရန် ဆွေးနွေးညှိနှိုင်းသဘောတူညီချက်များအရ တပ်များဆုတ်ခွာပေးခဲ့သော်လည်း မြန်မာစစ်တပ်ဘက်က ၎င်းတို့အား အလုံးအရင်းနှင့်လိုက်လံတိုက်ခိုက်နေဆဲ ဖြစ်သည့်အတွက် တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ရတော့မည်ဟုလည်း ဗိုလ်မှူးချုပ်ကျော်သက်က ဖြည့်စွက်ပြောဆိုသည်။

(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်မှူးများအနေနှင့် ယခင်ပြောဆိုထားသည့် ကတိက၀တ်များကို မျက်နှာလွှဲခဲပစ်အလုပ်ဘဲ လိုက်နာမှုပြုလုပ်ကြရန် (ဒီကေဘီအေ) က တိုက်တွန်းပြောဆိုသည်။

ယနေ့နံနက် ၅ နာရီခန့်မှစတင်ကာ နံနက် ၇ နာရီအထိ (ဒီကေဘီအေ) မှ တပ်စွဲထားသည့် ကော့ကရိတ်အပိုင်ရှိ ကောင်းမှုတောင်ကြောနေရာများကို မြန်မာစစ်တပ်က ၁၂၀ မမ အပါအ၀င် လက်နက်ကြီးမျိုးစုံဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကလို့ထူးဝါး အခြေချစစ်ဗျူ ဟာက အတိအလင်းပြောဆိုသည်။

ဒေသခံများက (ဒီကေဘီအေ) အဖွဲ့ကို မြန်မာစစ်တပ်များက ကားလမ်းဟောင်းဘက်မှ ပိတ်ဝိုင်းထားပြီး (BGF) တပ်ဖွဲ့များက ကားလမ်းသစ်ဘက်မှနေရာယူကာ နှစ်ဘက်ညှပ်ကာ ၀ိုင်းထားသည်ဟု ပြောဆိုသည်။

ယခုလ ၂ ရက်နေ့မှစတင်ကာ မြ၀တီ - ကော့ကရိတ် ပင်မကားလမ်းနှစ်သွယ် အနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပဋိပက္ခများမှာ ယနေ့တိုင်အဆုံးသတ်နိုင်ခြင်း မရှိသေးသည့်အတွက် စိုးရိမ်မှုများဖြစ်နေရဆဲဟု ဒေသခံများက ပြောဆိုကြသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen

ကိုယ့်အမျိုးသားချင်း စစ်ခင်းရမည်ကို လွန်စွာစိတ်ပျက်မိသည်ဟု ဗိုလ်မှူးချုပ်ကျော်သက်ပြောဆို  ကိုယ့်အမျိုးသားချင်း စစ်ခင်းရမည်ကို လွန်စွာစိတ်ပျက်မိသည်ဟု ဗိုလ်မှူးချုပ်ကျော်သက်ပြောဆို Reviewed by သစ်ထူးလွင် on 19:35 Rating: 5
Powered by Blogger.