ရထားသံလမ်း/တံတားများ ရေလွှမ်းမိုးတိုက်စားမှု ဖြစ်ပွား


နေပြည်တော် ဇူလိုင် ၂၆

လားရှိုး - မန္တလေး ရထားလမ်းပိုင်း တွင် ဇူလိုင် ၂၅ ရက်က ရေလွှမ်းမိုး တိုက်စားမှုကြောင့် သီပေါ - တာပုလဲ အကြား မိုင်တိုင် (၅ဝ၉/၁၃-၁၄)ရှိ တံတားအမှတ်(၃၉၁)၏ ရေလယ်တိုင် အမှတ်(၃) အနည်းငယ်တိမ်းစောင်း သွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဇူလိုင် ၂၆ ရက် လားရှိုး-မန္တလေး ၁၃၂ အစုန် ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။ သီပေါ-တာပုလဲ ရထားလမ်းပိုင်းအား ခေတ္တပိတ်ထားပြီး တံတားပြုပြင်ရေး လုပ်ငန်းများကို မြန်မာ့မီးရထားမှ တိုင်း(၃) အင်ဂျင်နီယာမှူး ဦးစီးပြီး လုပ်သား ၆၅ ဦးတို့ဖြင့် ပြုပြင်ဆောင် ရွက်လျက်ရှိသည်။ ထိုလမ်းပိုင်းအား ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၄ ရက် အထိ ၁ဝ ရက်ခန့် ပိတ်၍ ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေး-သီပေါ ရထားခရီးစဉ်ကို ဆက်လက် ပြေးဆွဲပေးလျက်ရှိသည်။

အလားတူ ရေဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အင်းပက်နှင့် မြစ်တော်အကြား မိုင်တိုင် (၅၂၁/၁-၂) ရှိ တံတား အမှတ် (၃ဝ၆)၏ ခင်ဦးဘက်ခြမ်း ရေတိုက်စားပြီး မိုင်တိုင် (၅၂၁/၁ဝ-၁၈)တွင် ရထားသံလမ်းပေါ်သို့ ၁ဝ လက်မခန့် ရေကျော်တက်ရောက်ခဲ့ သဖြင့် အင်းပက်-မြစ်တော် ရထား လမ်းပိုင်းကို ပိတ်ထားပြီး အဆိုပါ နေရာသို့ အင်ဂျင်နီယာအဖွဲ့ ရောက် ရှိကာ ပြုပြင်ဆောင်ရွက်ရန်အတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
ရထားသံလမ်း/တံတားများ ရေလွှမ်းမိုးတိုက်စားမှု ဖြစ်ပွား  ရထားသံလမ်း/တံတားများ ရေလွှမ်းမိုးတိုက်စားမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 07:52 Rating: 5
Powered by Blogger.