ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေလျှံမှုဖြစ်ပွား



 ကံမ ဇူလိုင် ၃၁

 မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေ ရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနံ့သာ ကျေးရွာအနီး သရက်-ကံမ-ပြည် မော်တော် ကားလမ်းပေါ်ရှိ မင်းတုန်းချောင်း ကူးတံတား (ရေနံ့သာ)၏ မြောက်ဘက် တံတားချည်း ကပ်လမ်း ပေါ်သို့ ယနေ့နံနက်မှ စတင်၍ နေ့လည်ပိုင်း အထိ ချောင်းရေများဖြတ် သန်းစီး ဆင်းလျှက်ရှိသည်။

အဆိုပါစီးဆင်းနေသော ချောင်းရေများမှာ တံတားကြမ်း ခင်းကိုထိ ကပ်နေပြီး ချည်းကပ်လမ်း တာဘောင်ပေါ်တွင်အကျယ်ပေ ၂၀၀ ခန့်ဖြတ်သန်းစီး ဆင်းကာ ရေစီး အလွန်ကြမ်း သဖြင့် မော်တော်ယာဉ်များ၊ ခရီးသွားလုပ် သားပြည် သူများ ဖြတ်သန်းသွားလာ၍ မရသည့် အတွက် ချောင်းရေလျော့ ကျသွားမည်အချိန်ကိုစောင့်ဆိုင်းနေကြရကြောင်း သိရသည်။

ကျော်ဇေယျဝင်း(iprd)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေလျှံမှုဖြစ်ပွား   ကံမမြို့နယ်တွင် မင်းတုန်းချောင်းရေလျှံမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:25 Rating: 5
Powered by Blogger.