တူရကီ တိုက်လေယာဉ်တွေ ဆီးရီးယား ထဲထိ ၀င်တိုက်နေပြီ


 တူရကီ နိုင်ငံ ရဲ့ စစ်လေယာဉ် တွေ ဟာ ဆီးရီးယား နိုင်ငံထဲ ထိဝင်ရောက် ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကို ပစ်မှတ် ထား တိုက်ခိုက် မှုတွေ ထပ် မံ လုပ်ဆောင် ခဲ့ ပြန် ပါတယ်။

အီရတ် မြောက်ပိုင်း က ကာ့ဒ်မျိုးနွယ်စု ခွဲထွက် ရေး အဖွဲ့ PKK ရဲ့ စခန်း တွေ ကိုလည်း တူရကီ လေယာဉ် တွေ က သီးခြား သွားရောက် ဗုံးကြဲ ခဲ့ ပါတယ်။

PKK အဖွဲ့ က တူရကီ နိုင်ငံထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်း က တိုက်ခိုက် မှု တွေ လုပ် ဆောင် ခဲ့တယ် လို့ ထုတ်ဖော် ပြောထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

သောကြာ နေ့ အစောပိုင်းတုန်း က စတင် ပြုလုပ် ခဲ့တဲ့ တိုက်ခိုက် မှု တွေ တုန်း ကတော့ တူရကီ ဘက်ခြမ်း ဝေဟင် ပေါ် ကနေ ပဲ ဆီးရီးယား ထဲ ကို လှမ်းပြီး ပစ်ခတ် ခဲ့တာ ဖြစ် ပါတယ်။

တူရကီ ပိုင်နက် ထဲ ကို IS အဖွဲ့ တွေ စီးနင်း မလာခင် ကြိုတင် လက်ဦး မှု ရယူ ပြီး တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ တူရကီ အာဏာပိုင် တစ်ဦး က ဘီဘီစီ ကို ပြောထား ပါတယ်။

ဒီ အချိန် မှာပဲ၊ အမေရိကန် ဦးဆောင် တဲ့ မဟာမိတ် အဖွဲ့ အနေနဲ့ IS နှိမ်နှင်းရေး မှာ တူရကီ နိုင်ငံထဲ က လေတပ် အခြေစိုက် စခန်း တွေ ကို အသုံးပြု ခွင့် ရထား ပြီ ဖြစ် တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က အတည်ပြု ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တူရကီ တိုက်လေယာဉ်တွေ ဆီးရီးယား ထဲထိ ၀င်တိုက်နေပြီ  တူရကီ တိုက်လေယာဉ်တွေ ဆီးရီးယား ထဲထိ ၀င်တိုက်နေပြီ Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.