ဂရိဘဏ်တွေ ပြန်ဖွင့်ပေမယ့် ကန့်သတ်မှုရှိဆဲ


 ဂရိနိုင်ငံက ​ဘဏ်တွေကို ​၃ ​ပတ်ကြာ ​ပိတ်ချခဲ့ရပေမယ့် ​ဒီကနေ့မှာ ​ပြန်ဖွင့်မှာ ​ဖြစ်ပါတယ်။

 ဒါပေမဲ့ ​ဘဏ်ထဲမှာ ​ရှိတဲ့ ​ငွေတွေကို ​ထုတ်ယူနိုင်တဲ့ ​ပမာဏကိုတော့ ​ကန့်သတ်ထားဆဲ ​ဖြစ်ပါတယ်။

 အခုလောလောဆယ် ​အချိန်အထိ ​ATM ​စက်ကနေ ​တစ်ရက်ကို ​ယူရို ​၆၀ ​သာ ​ထုတ်ယူခွင့်ပြုထားပေမယ့် ​ဘဏ်တွေ ​ပြန်ဖွင့်တဲ့အခါ ​ဘဏ်ကနေ ​တစ်ခါကို ​ယူရို ​၄၂၀ ​အထိ ​ထုတ်ယူနိုင်အောင် ​လုပ်ဆောင်ပေးမယ်လို့ ​ဂရိအစိုးရက ​ကြေညာထားပါတယ်။

တနင်္လာနေ့မှာ ​ယူရို ​၆၀ ​မထုတ်ယူနိုင်တဲ့လူအနေနဲ့ ​အင်္ဂါနေ့မှာ ​စုပေါင်းပြီး ​၁၂၀ ​ထုတ်ယူနိုင်တဲ့ ​စနစ်ကိုလည်း ​ချမှတ် ​ပေးလိုက်ပါတယ်။

ငွေလွဲမှုတွေကိုတော့ ​ထိန်းချုပ်ထားဆဲဖြစ်ပြီး ​အဲဒီ ​ကန့်သတ်ချက်တွေထဲမှာ ​နိုင်ငံခြား ​ဘဏ်တွေကို ​ငွေလွဲခွင့် ​ပိတ်ပင်တာတွေ၊ ​ဘဏ်စာရင်း ​အသစ်ဖွင့်တာတွေကို ​ကန့်သတ်မှုတွေ ​ပါဝင်ပါတယ်။

အရင်တုန်းက ​ဘဏ်တွေ ​ပိတ်ချထားသလို၊ ​တစ်ရက်တာအတွင်း ​ယူရို ​၆၀ ​သာ ​ထုတ်ယူခွင့် ​ပေးခဲ့တာကြောင့် ​လူပေါင်း ​ရာနဲ့ချီ ​ပိုက်ဆံထုတ်ယူတဲ့ ​စက်နားမှာ ​တန်းစီ ​စောင့်ဆိုင်းမှုတွေ ​လုပ်ခဲ့ရပါတယ်။

ဘဏ်ကို ​၃ ​ပတ်ကြာ ​ပိတ်ထားတာကြောင့် ​ထုတ်ကုန်လုပ်ငန်းနဲ့ ​ဈေးကွက်စီးပွားရေးမှာ ​ယူရို ​၃ ​ဘီလီယံ ​ဒါမှမဟုတ် ​ဒေါ်လာ ​၄.၄ ​ဘီလီယံ ​နစ်နာမှု ​ဖြစ်ခဲ့ရပါတယ်။

ဥရောပ ​အကြွေးရှင်တွေကနေ ​အသုံးစရိတ် ​လျှော့ချရင် ​ဂရိကို ​အကူအညီပေးမယ်လို့ ​ပြောတာကို ​လက်ခံပြီးတဲ့နောက်ပိုင်း ​ဂရိဝန်ကြီးချုပ်က ​ပါတီတွင်းဆန့်ကျင်မှုတွေ ​ခံနေရပြီး ​စက်တင်ဘာလောက်အတွင်း ​ရွေးကောက်ပွဲကို ​စောစီးစွာ ​ကျင်းပရနိုင်တယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဂရိဘဏ်တွေ ပြန်ဖွင့်ပေမယ့် ကန့်သတ်မှုရှိဆဲ  ဂရိဘဏ်တွေ ပြန်ဖွင့်ပေမယ့် ကန့်သတ်မှုရှိဆဲ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.