ဆီးရီးယားမှာ စပိန် သတင်းထောက်တွေပျောက်

အဆက်အသွယ် မရတာ တပတ် ကျော်ပြီ 
 ဆီးရီးယားမှာ စပိန် သတင်းထောက် ၃ ယောက် ပျောက်ဆုံးနေပါတယ်။

သူတို့နဲ့ အဆက်အသွယ် မရတာ တပတ် ကျော်ပြီလို့ စပိန် သတင်းစာ ဆရာ အဖွဲ့ချုပ်က ပြောပါတယ်။

ဒီ လူတွေ ပြန်ပေးဆွဲခံနေရပြီလား လို့လည်း စပိန် အစိုးရက စိုးရိမ် နေပါတယ်။

ဒီ အလွတ် သတင်းထောက် တွေဟာ ဆီးရီးယား မြောက်ပိုင်းက အလက်ပို ကနေ နောက်ဆုံး သတင်းပို့ခဲ့ပြီးနောက် ပျောက်နေတာ ဖြစ်ပါတယ်။

ဒီနယ်မြေမှာ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့နဲ့ အယ်လ်ခိုင်ဒါ အနွယ် Jabhat al-Nusra အဖွဲ့ စတဲ့ စစ်သွေးကြွတွေ လှုပ်ရှားနေကြတယ်လို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဆီးရီးယားမှာ စပိန် သတင်းထောက်တွေပျောက်   ဆီးရီးယားမှာ စပိန် သတင်းထောက်တွေပျောက် Reviewed by THITHTOOLWIN on 05:08 Rating: 5
Powered by Blogger.