သြစီ ရေလွှာလျောစီး ချန်ပီယံကို ငါးမန်းတိုက်ခိုက်

J-Bay Open ဗိုလ်လုပွဲမှာ Mick Fanning ကို ငါးမန်းတစ်ကောင် တိုက်ခိုက်တာ ဖြစ်ပါတယ်။ (Credit: ABC licensed)
 သြစတြေးလျနိုင်ငံက ​ရေလွှာလျောစီး ​သမား ​Mick ​Fanning ​ဟာ ​ဗိုလ်လုပ်ပွဲမှာ ​ပြိုင်ပွဲဝင်နေတုန်း ​ငါးမန်းတစ်ကောင်ရဲ့ ​တိုက်ခိုက်မှုကို ​ခံရပေမယ့် ​အသက်ဘေးက ​လွတ်ကင်းခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ​ကျင်းပတဲ့ ​J-Bay ​Open ​World ​Surf ​League ​ပြိုင်ပွဲကျင်းပစဉ်အတွင်း ​ငါးမန်းက ​တိုက်ခိုက်လာတဲ့အတွက် ​ဗီဒီယိုကနေ ​အစအဆုံး ​ရိုက်ကူးထားတဲ့ ​မြင်ကွင်းတွေကို ​တွေ့ခဲ့ရပါတယ်။

ဗိုလ်လုပွဲမှာ ​သြစတြေးလျ ​နိုင်ငံသား ​နှစ်ဦး ​တက်ရောက်နိုင်ပြီး ​ဆုရဖို့ ​အချင်းချင်း ​ပြိုင်နေတုန်းမှာပဲ ​ငါးမန်းတစ်ကောင် ​ဘေးမှာ ​လာပြီး ​တိုက်ခိုက်ခဲ့ပါတယ်။

Mick ​Fanning ​ကလည်း ​ငါးမန်းကို ​ထိုးပြီး ​ကန်ခဲ့တဲ့ ​ပုံတွေကို ​အတိုင်းသား ​တွေ့ခဲ့ရပါတယ်။

ရုပ်မြင်သံကြားပေါ်မှာ ​ပြိုင်ပွဲအကြောင်း ​ကြေညာတဲ့ ​လူတွေကလည်း ​အားလုံး ​မင်သက်ပြီး ​ဘာပြောရမှန်းမသိပဲ ​Mick ​Fanning ​ကို ​ငါးမန်းကိုက်တာဖြစ်မယ် ​ဆိုပြီး ​မတင်မကျ ​ပြောသွားခဲ့ပါတယ်။

ပင်လယ်ကမ်းစပ်က ​ပရိသတ်ရာနဲ့ချီ ​ငါးမန်းတိုက်ခိုက်မှုကို ​တွေ့ခဲ့ရသလို ​Mick ​Fanning ​ရဲ့ ​မိခင်ကလည်း ​အိမ်က ​ဖန်သားပြင်မှာ ​အတိုင်းသား ​တွေ့ရတဲ့အတွက် ​သူ့သား ​သေသွားပြီလားလို့တောင် ​ထင်ခဲ့တယ်လို့ ​ပြောပါတယ်။

ငါးမန်းတိုက်ခိုက်မှုကြောင့် ​ရေအောက်ရောက်သွားပေမယ့် ​ဂျက်စကီး ​လှေငယ်လေးတွေ ​အချိန်မှီ ​ရောက်လာတဲ့အတွက် ​အသက်ဘေးကင်းခဲ့ရပါတယ်။

အသက် ​၃၄ ​နှစ်အရွယ် ​Mick ​Fanning ​ဟာ ​ကမ္ဘာ့အဆင့် ​၄ ​ရေလွှာလျောစီး ​ချန်ပီယံဖြစ်ပြီး ​ကမ္ဘာ့အဆင့် ​ဆု ​သုံးခု ​ဆွတ်ခူးခဲ့ဖူးသူ ​ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း ​ဒဏ်ရာတောင် ​မရပေမယ့် ​လုံခြုံရေးအရ ​အဲဒီ ​ပြိုင်ပွဲကို ​ရပ်တန့်လိုက်ပြီ ​ဖြစ်ပါတယ်။

Mick ​Fanning ​ကတော့ ​အသက်ရှင်ခွင့် ​ရတဲ့အပေါ် ​ဝမ်းသာလွန်းလို့  ​ပြန်ပွဲ ​ပြန်စတဲ့အခါ ​ချန်ပီယံ ​ဆုမရရင်တောင် ​ဒါမှမဟုတ် ​တသက်လုံး ​ပြိုင်ပွဲမှာ ​မပြိုင်ရတော့ ​ရင်တောင် ​ကြေနပ်မှာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
သြစီ ရေလွှာလျောစီး ချန်ပီယံကို ငါးမန်းတိုက်ခိုက်  သြစီ ရေလွှာလျောစီး ချန်ပီယံကို ငါးမန်းတိုက်ခိုက် Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.