ပါကစ္စတန်တွင် တူးမြောင်းအတွင်း ရထားကျ ၁၇ ဦးသေဆုံး


အစ္စလာမ္မာဘတ် ဇူလိုင် ၃

ပါကစ္စတန်နိုင်ငံတွင် အထူးရထား တစ်စင်းသည် တံတားတစ်ခုကို ဖြစ်သန်းနေစဉ် ရထားလမ်းချော်ပြီး တူးမြောင်းအတွင်းသို့ ထိုးကျခဲ့ရာ အနည်းဆုံး သေဆုံးသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ယနေ့သတင်းထုတ်ပြန်သည်။

ရေငုပ်သမားများက အလောင်းများကို တူးမြောင်းအတွင်း၌ ဆက်လက်ရှာဖွေ ကြဆဲဖြစ်သည်။ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်း စက်မှုမြို့တော် ဆူဂျာရမ်ဝါလာအနီးရှိ ချမ်နာဝမ်တူးမြောင်းကို ယမန်နေ့တွင် ဖြတ်သန်းနေစဉ် ရထားက လမ်းချော်ကျသွားခြင်းဖြစ်သည်။

မြို့ပြအာဏာပိုင်များ၊ ကွန်မန်ဒိုများနှင့် စစ်ဘက်မှ ရေငုပ်သမားများသည် ခရီးသည် ၈ဝ ကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ၎င်းတို့အနက် ငါးဦးမှာ ဒဏ်ရာရရှိထားသည်။ပါကစ္စတန်ကြည်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်အာစင်ဘာဂျီဝါက အလောင်း ၁၇ လောင်း ဆယ်ယူရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပါကစ္စတန်တွင် တူးမြောင်းအတွင်း ရထားကျ ၁၇ ဦးသေဆုံး  ပါကစ္စတန်တွင် တူးမြောင်းအတွင်း ရထားကျ ၁၇ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 09:09 Rating: 5
Powered by Blogger.