မြို့နယ်အချို့၌ ရေကြီးရေလျှံ၊ နေအိမ်များရေလွှမ်း၊ လမ်းများရေတိုက်စား၊ တံတားများကျိုးပျက်


 ကောလင်း

  စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့၌ ဇူလိုင် ၁၉ ရက်မှ စတင်၍ မိုးများရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အထက်ပိုင်း မိုးများပြီး အောက်ရေထောက်မှုကြောင့် ကောလင်းမြို့နယ်ရှိ ဇီးခုံ၊ ကြို့ခုံ၊ သရက်ခုံ၊ ရေကန်သာ၊ သဖန်းကုန်းရွာများ ပျက်စီးမှုများစွာရှိကြောင်း သိရသည်။

  အဆိုပါရေကြီးမှုကြောင့် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ဝက်၊ နွား၊ ကြက်စသည့် တိရစ္ဆာန်များ ရေမျောဆုံးရှုံးခဲ့ကြရသည်။ အချိန်မီကယ်တင် မှုကြောင့် အချို့မှာလွတ်မြောက်ခဲ့သော်လည်း သယ်ယူမှုပြုချိန်မရသော စပါး တိုက်များစွာ ရေနစ်ဆုံးရှုံးခဲ့ရသည်။

  ရေလှိုင်းထန်မှုကြောင့် လူတစ်ဦး အိမ်ခါးပန်းနှင့်ရိုက်ခတ်မိပြီး သေဆုံး ကြောင်းသိရသည်။ ရေဘေးဒုက္ခသည်များသည် ကောလင်းမြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းများနှင့် နီးစပ်ရာကုန်းမြင့်ဒေသများ၌ ခိုလှုံနေကြရပြီး မြို့နယ်မှ စားသောက်ရေးအတွက် ကူညီပေးကြသည်။

 ထို့ပြင် ယင်းကဲ့သို့ ရေကြီးပြီး နောက်တစ်နေ့မှာပင် ဝန်းသိုဘက်မှရေများ ထပ်မံရောက်လာနိုင်ကြောင်း သိရသည်။

ရွှေလင်းပြည့်စုံ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြို့နယ်အချို့၌ ရေကြီးရေလျှံ၊ နေအိမ်များရေလွှမ်း၊ လမ်းများရေတိုက်စား၊ တံတားများကျိုးပျက်   မြို့နယ်အချို့၌ ရေကြီးရေလျှံ၊ နေအိမ်များရေလွှမ်း၊ လမ်းများရေတိုက်စား၊ တံတားများကျိုးပျက် Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.