ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ လူတစ်ဦးသေဆုံး


 ကလေးဝ ဇူလိုင် ၂၅

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့နယ်တွင်ဇူလိုင် ၂၃ ရက် ညနေ ပိုင်းကအမှတ်(၁)ရပ်ကွက် အမက(၁) မူလွန်ကျောင်းအနီး ရွှေကုက္ကိုလ် ဝါးထရံလုပ်ငန်းဆိုင်ရှေ့တွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဝင်းလှိုင် (၄၇)နှစ်မောင်းနှင်သော 3A/--- ခြောက်ဘီးယာဉ်သည် ကလေးဝမြို့မှ ကလေးမြို့ဘက်သို့ မောင်းနှင်နေစဉ် မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း စန်းလင်းထွန်း(၃၇)နှစ်မောင်းနှင်လာသော KENBO 125 နံပါတ်မပါ ဆိုင်ကယ်အား တိမ်းရှောင်စဉ် အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်သို့လဲကျ သွားခဲ့ပြီး ကားနောက်ပိုင်းနှင့် တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူမှာ ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီဟ(iprd)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ လူတစ်ဦးသေဆုံး  ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.