ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လှယ်လောင်းအမည်စာရင်း တင် သွင်း

 သန်လျင်မြို့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေကနေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒီနေ့ သန်လျင်မြို့မှာရှိတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီဗဟိုထံ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံ ဖို့ လျှောက်လွှာတင်ထားသူ ၃၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတာဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဒေါက်တာအောင်မိုးညိုတို့သာ ရှိပါသေးတယ်။

ဒေါက်တာအောင်မိုးညိုဟာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားတာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ကို စီစစ်တာမပြီးသေးတဲ့အတွက် မထုတ်ပြန်နိုင်သေးဘူးလို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လှယ်လောင်းအမည်စာရင်း တင် သွင်း   ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား လှယ်လောင်းအမည်စာရင်း တင် သွင်း Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.