ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်း ရေလွှမ်းမိုး


ဖားကန့် ဇူလိုင် ၅

ဖားကန့်မြို့ပေါ်ရှိ ငှက်ပျော တောရပ်ကွက်၊ မြို့မရပ်ကွက၊် မရှီ ကထောင်ရပ်ကွက်နှင့် အေးမြသာ ယာရပ်ကွက်တို့တွင် ဇူလိုင် ၄ ရက် နံနက် ၉ နာရီက ရေကြီးမှုကြောင့် သုံးဘီး ဆိုင်ကယ်များနှင့် လှေများကို အသုံးပြု၍ သွားလာခဲ့ရသည်။

ဖားကန့်မြို့ ရေကြီးမှုသည် ဇူလိုင် ၃ ရက်မှစတင်ကာ အဆက် မပြတ်ရွာသွန်းခဲ့သည့်အတွက် ရေကြီး ရေလျှံမှု ဖြစ်ပွားကာ ရပ်ကွက်၊ လူ နေအိမ်များ ရေနစ်မြုပ်ခဲ့သည်။

ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက် အောင်သုခကဖီးဆိုင်၊ ဖူဂျီဓာတ်ပုံဆိုင်၊ ရှန်းရှန်း စားသောက်ဆိုင်ရှေ့မှ ကမ်းနားလမ်း ကြိုးတံတားထိပ် အိုအေစစ်ကဖီး ဆိုင်ရှေ့အထိ၊ အလယ်လမ်း ရွှေ ကြောင် ရောင်းဝယ်ရေး၊ အေဝမ်း ရောင်းဝယ်ရေး၊ စန္ဒာအထည်ဆိုင် ရှေ့အထိ ရေကြီးရေလျှံမှုများ ဖြစ် ပွားလျက်ရှိသည်။

ဖားကန့်မြို့ရှိ မြို့မရပ်ကွက်တွင် ကျောက်ဝိုင်းလမ်းဆုံ မိသားစုကဖီး ဆိုင်ရှေ့နှင့် အောင်ကဖီး၊ ဆိုနီ အအေးဆိုင်၊ နယူးဝေးမိုဘိုင်းဖုန်း ဆိုင်ရှေ့ နေရာများတွင် ရေလွှမ်း လျက်ရှိရာ ဖားကန့်မြို့ နေရာအနှံ့ အပြားတွင် လှေဖြင့်သွားလာကြ ရသည်။

ယခင်က ဖားကန့်မြို့သည် မိုးများ၍ ရေကြီးသော်လည်း ရပ်ကွက်များအတွင်းသို့ ရေမဝင်ခဲ့ ချေ။ ယခုအခါ ကျောက်တူးကြသည့် ကုမ္ပဏီများအနက် အချို့ကုမ္ပဏီ များ၏ (ယခင်နှစ်များက) စည်းကမ်း မဲ့ မြေစာစွန့်ပစ်မှုကြောင့် မြေစာ များ မိုးရေနှင့်မျောပါလာကာ ဥရု ချောင်းထဲကျရောက်၍ ချောင်း မျက်နှာပြင် မြင့်တက်လာကာ လူနေအိမ်၊ ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မရှီကထောင်ရပ်ကွက် တိုရှီဘာ ရောင်းဝယ်ရေးဆိုင်ရှေ့မှ ဥရုရတနာ ကျောက်စိမ်းတောင် တံတားထိပ် အနီးရောက်သည်အထိ အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်နိုင်ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝင်များ၊ မေတ္တာရှင် လူမှုကူညီရေး အသင်းအဖွဲ့ဝင်များ စုပေါင်းကာ စက်လှေကြီးဖြင့် လူနှင့်ဆိုင်ကယ် များကို အခမဲ့အသွား/အပြန် ပို့ဆောင်ပေးခဲ့ပြီး ရေဘေးသင့် ပြည်သူများကိုလည်း ထမင်း၊ ဟင်းနှင့် ရေသန့်ဘူးများ ဝေငှ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးနိုင်ဦး(ဖားကန့်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်း ရေလွှမ်းမိုး  ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်း ရေလွှမ်းမိုး Reviewed by သစ်ထူးလွင် on 10:29 Rating: 5
Powered by Blogger.