ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ကာ သံမံတလင်းဖြင့်ဆောင့်ပြီး ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းမိ

လူသတ်၍ ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွားသူကို နာရီပိုင်းအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၈

၇.၇.၂၀၁၅ ရက်နေ့ ၁၂၃၀ အချိန် အင်းစိန်မြို့နယ်နေ ဦးဥာဏ်ဝင်းသည် အလုပ်မှနေအိမ်သို့ ပြန်ရောက်စဉ် နေအိမ်နောက်ဖေးရှိ လှေကားခြေရင်းတွင် ဇနီးဖြစ်သူ ဒေါ်လေးလေးရီမှာ ၀ဲဘက်လက်ချောင်းများနှင့် လက်မောင်းတို့၌ ပွန်းပဲ့ဒဏ်ရာများ၊ ဦးခေါင်းနောက်စေ့၌ဖူးရောင်ဒဏ်ရာတို့ဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိရပြီး ၎င်းဝတ်ဆင်ထားသော ငါးရုပ်ပုံဆွဲသီးပါ ရွှေဆွဲကြိုး (၁)ကုံး၊ လက်ကောက်(၁)ကွင်း၊ လက်စွပ်(၁)ကွင်း၊ စိန်နားကပ်(၁)ရံ စုစုပေါင်းတန်းဖိုး ငွေကျပ်(၂၇၉၀၀၀၀)တို့မှာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိ ရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းချက်အရ အင်းစိန်မြို့မရဲစခန်း (ပ)၈၂၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ် အိမ်ဘေးကပ်လျက်၌ သေဆုံးသူမိသားစုက ကန်ထရိုက်တိုက်ဆောက်လုပ်ရန်ပေးအပ်ထားသော လုပ်ငန်းခွင်မှ အလုပ်သမားဖြစ်သူ လှိုင်သာယာ မြို့နယ်နေ ချစ်ဘို၊ (၁၉)နှစ်မှာ အခင်းဖြစ်နေအိမ်သို့ အ၀င်အထွက်ရှိကြောင်း မသင်္ကာဖွယ်သိရှိရ သဖြင့် ၁၉၀၀ အချိန်တွင် ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းသည် ယင်းနေ့ ၀၈၃၀ အချိန်ခန့်က အဆိုပါနေအိမ် သို့သွားရောက်ခဲ့ပြီး နောက်ဖေး
လှေကားအနီး၌ သေဆုံးသူ၏ ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ကာ သံမံတလင်းဖြင့်ဆောင့်ပြီး ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၎င်းထံမှ အမှုမှပါဆုံးသွားသည့်ရွှေထည်ပစ္စည်းများရောင်းချရရှိသည့်ငွေဖြင့် ၀ယ်ယူထားသည့် ရွှေထည်ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေကျပ်(၁၂၀၀၀၀)တို့အား ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ကာ သံမံတလင်းဖြင့်ဆောင့်ပြီး ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းမိ  ဦးခေါင်းအား တုတ်ဖြင့်ရိုက်နှက်ကာ သံမံတလင်းဖြင့်ဆောင့်ပြီး ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်သူ ဖမ်းမိ Reviewed by သစ်ထူးလွင် on 16:35 Rating: 5
Powered by Blogger.