ဂန့်ဂေါမြို့နယ်မှာ မြေပြိုကျပိမိ၍ (၃)ဦးသေဆုံး

 မြေကျင်းအတွင်း အမှိုက်ဆင်းကောက်စဉ် မြေပြိုကျပိမိ၍ (၃)ဦးသေဆုံး
နေပြည်တော်၊ ဇူလိုင် ၆

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာရေလှောင်တမံတည်ဆောက်ရေး နှစ်သောင်းကုန်းလုပ်ငန်းခွင်ရှိ သဲ ရေစစ် မြေတူးခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် အနက်(၈)ပေ၊ အကျယ်(၁၅)ပေခန့်ရှိ မြေကျင်းအတွင်းမှ အမှိုက်များအား ဆင်းကောက်သည့် အလုပ်သမား(၃)ဦး မြေပြိုကျ၍ပိမိကြောင်း သတင်းအရ မင်းရွာ ရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေး ချက်အရ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်နေ ဦးသန်းဝင်း(၅၁)နှစ်၊ ဂန့်ဂေါမြို့နယ်၊ လီလင်းကျေးရွာနေ မဇူလိုင်မိုး(၁၇)နှစ်နှင့် အောင်လံမြို့နယ်၊ ဇေယျာကျေးရွာနေ မချစ်စုပုံ(၁၈)နှစ် တို့သည် မြေကျင်းအတွင်း အမှိုက်ဆင်းကောက်ရာ မြေပြိုကျပိမိသဖြင့် ဒဏ်ရာများရရှိသေဆုံး နေသည်ကို တွေ့ရှိရသောကြောင့် ဂန့်ဂေါမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ဂန့်ဂေါမြို့နယ်မှာ မြေပြိုကျပိမိ၍ (၃)ဦးသေဆုံး   ဂန့်ဂေါမြို့နယ်မှာ မြေပြိုကျပိမိ၍ (၃)ဦးသေဆုံး Reviewed by သစ်ထူးလွင် on 21:14 Rating: 5
Powered by Blogger.