လူငယ်တစု ဝိုင်းရိုက်သည့်အတွက် လူငယ်တဦးသေ


 လွိုင်ကော်မြို့ ကျောင်းသား အားကစားကွင်း အရှေ့ဘက် လွိုင်ကော်-ရှားတော လမ်းမကြီးဘေးတွင် လူငယ်တစုက ၀ိုင်းရိုက်သည့် အတွက် လူငယ်တဦး သေဆုံးသွားသည်။

ဇူလိုင် ၃ ရက် ည ၁၁ နာရီခန့်က သူငယ်ချင်း ၂ဦး အင်တာနက်သုံးနေသည်ကို ထိုင်စောင့်နေသည့် လူငယ်တဦးကို ဆိုင်ကယ် ၂ စီးဖြင့် စီးနင်းလာသည့် လူငယ်တစုက ရိုက်နှက်ခဲ့သည်ဟု လွိုင်ကော် မြို့မ ရဲစခန်းက ပြောသည်။

သေဆုံးသူမှာ လောဓမ္ဓရပ်ကွက်နေ အသက် ၂၂ နှစ် ကိုနေ၀င်းထွန်း(ခ) ကိုပြုံးဖြစ်ပြီး

သူ၏ သူငယ်ချင်း ၂ ဦးမှာ ရိုက်နှက်မှုကြောင့် ထွက်ပြေးခဲ့သည်။

ဦးခေါင်းပိုင်းတွင် အဓိက ရိုက်နှက်ခံရပြီး ဆေးရုံ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့သည်။

ရိုက်နှက်သူများမှာ ၆ ဦးနှင့် ၇ ဦးကြားရှိကာ ထွက်ပြေး တိမ်းရှောင်လျက်ရှိသည်။

အမှုကို ဒုရဲအုပ် ငြိမ်းဇော်မင်းက တရားလိုပြုလုပ်ပြီး ထွက်ပြေးသွားသော လူငယ်တစ်စုကို ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။

Written by ဖြိုးဝေအောင်
ကန္တရ၀တီတိုင်း(မ်)
http://www.ktimes.org
လူငယ်တစု ဝိုင်းရိုက်သည့်အတွက် လူငယ်တဦးသေ  လူငယ်တစု ဝိုင်းရိုက်သည့်အတွက် လူငယ်တဦးသေ Reviewed by သစ်ထူးလွင် on 09:58 Rating: 5
Powered by Blogger.